ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်ရှိ နမ့်တုန်းတံတား တစ်ခြမ်းပြိုကျမှု ဖြစ်ပေါ်

ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်ရှိ နမ့်တုန်းတံတား တစ်ခြမ်းပြိုကျမှု ဖြစ်ပေါ်
ဒီဇင်ဘာ 12, 2019
By Tachileik News Agency
ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်ရှိ နမ့်တုန်းတံတား တစ်ခြမ်းပြိုကျမှု  ဖြစ်ပေါ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်အတွင်းရှိ လားရှိုး - တန့်ယန်း - မိုင်းရယ်ကားလမ်းမှ နမ့်တုန်း တံတားမှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့ နေ့လယ်ပိုင်းက တံတားတစ်ခြမ်းပြိုကျသွား၍ အိမ်စီးကားငယ်တစ်စီး ကျွံကျသွားပြီး မော်တော်ယာဉ်ပေါ်မှ လူ (၂) ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

“ကျွန်တော်အဲဒီလမ်းကိုဖြတ်သွားတော့ တွေ့ခဲ့ရတာပါ။ နေ့လယ် ၁၂ နာရီခွဲလောက်ပေါ့။ ကားတစ်စီးတော့ ပြုတ်ကျနေတာတွေ့တယ်။ ကျန်တဲ့တံတားတစ်ခြမ်းမှာ ကားသေးလေးတွေ ဖြတ်နေတာတော့ တွေ့တယ်”ဟု မျက်မြင်ကြုံခဲ့သည့် UWSA ၏ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုး - တန့်ယန်း - မိုင်းရယ်လမ်းရှိ လွယ်ငင်းနှင့် ဟိုယကျေးရွာများအကြားရှိ တံတားတစ်စီးဖြစ်ပြီး ကျန်ခဲ့သည့် တံတားတစ်ခြမ်းမှ ယာဉ်ငယ်များဖြတ်သန်းသွားလာနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းသည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ်ထားသည့် လားရှိုး - မယ်ဟန် - မိုင်းရယ် - ကျေးသီးလမ်းမှဖြစ်ပြီး အဆိုပါလမ်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မော်တော်ယာဉ် အစီးရေ (၂၅၀)ဝန်းကျင်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် မော်တော်ယာဉ် (၅၅)စီးခန့် နေ့စဉ်ဖြတ်သန်းသွားလာနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - Kyaw Min Tun

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~