တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း ငွေလဲဆိုင်တွင် အမည်မသိ အမျိုးသား (၄)ဦးမှ ငွေများဝင်ရောက် လုယက်သွား

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း ငွေလဲဆိုင်တွင် အမည်မသိ အမျိုးသား (၄)ဦးမှ ငွေများဝင်ရောက် လုယက်သွား
ဒီဇင်ဘာ 2, 2019
By Tachileik News Agency
(ရုပ်သံ)

မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်အတွင်း  ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး ကမ္ဘောဇဘဏ် ခွဲ(၂)နှင့် မျက်နှာချင်းဆိုင်ရှိ ငွေလဲဆိုင်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့ နံနက် (၇)နာရီ (၅)မိနစ်အချိန်က အမျိုးသား (၄)ဦးမှ ဝင်ရောက်လုယက်ပြီး ကားဖြင့်ထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေဆဲဖြစ်သည်။

ကားတစ်စီးဖြင့် ရောက်လာသည့် လူငယ်လေး(၄)ဦးအနက် ငွေလွှဲဆိုင်အတွင်း ဝင်ရောက်ကာ ငွေလဲဆိုင်မှ အမျိုးသားအား ထိန်းသိမ်းပြီး ငွေများကို လုယက်ကာ ကားဖြင့် ထွက်ပြေးသွားကြခြင်းဖြစ်သည်။

မယ်ခေါင်ရပ်ကွက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး ယခုငွေလဲဆိုင် လုယက်ခံရမှု ဖြစ်ပွားသည့်အနီးရှိ ရွှေဆိုင်တစ်ဆိုင်မှာလည်း ၂၀၁၉ခုနှစ် ဇူလိုင်လ(၈)ရက်နေ့ နံနက်ပိုင်းက အနုကြမ်းဝင်စီးခံရမှု ဖြစ်ပွားခဲ့ဖူးသည်။

Tachileik News Agency




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~