လားရှိုးမြို့တွင် ဘုန်းကြီးကျောင်းအတွင်းရှိ ယာဉ်နှစ်စီးပေါ်က သစ်များကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

လားရှိုးမြို့တွင် ဘုန်းကြီးကျောင်းအတွင်းရှိ ယာဉ်နှစ်စီးပေါ်က သစ်များကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ
ဒီဇင်ဘာ 12, 2019
By Tachileik News Agency

လားရှိုးမြို့တွင်  ဘုန်းကြီးကျောင်းအတွင်းရှိ ယာဉ်နှစ်စီးပေါ်က သစ်များကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်း  ယာဉ်နှစ်စီးပေါ်က တရားမဝင်သစ် (၉)တန်ကျော်ကို ပိုင်ရှင်မဲ့အဖြစ် နိုဝင်ဘာလ(၁၁)ရက်နေ့က သိမ်းဆည်းရမိကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်း မန္တလေး - လားရှိုး ကားလမ်းမကြီးပေါ် မိုင်တိုင် အမှတ်(၁၆၇/၅)၏ အနောက်ဘက် နောင်ဖော့ကျေးရွာဘုန်းကြီးကျောင်းအတွင်းရှိ  ယာဉ်နှစ်စီးအတွင်းမှ တရားမဝင်သစ် ပိတောက်ခွဲသား၊ တမလန်းဓါးရွေ စုစုပေါင်း (၁၆၈)တုံးအား ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့က သစ်တောဦးစီးဌာန ပါဝင်သည့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ သိမ်းဆည်းရမိရာ စုစုပေါင်း အလေးချိန်မှာ (၉.၈၃၅၀)တန်ရှိကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် ပိုင်ရှင်မဲ့ သစ်များနှင့် ပတ်သက်၍ ပိုင်ရှင်ဖြစ်သူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဖော်ထုတ်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - သစ်တောဦီးစီးဌာန

ဆက်စပ်သတင်း



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~