ICJ တွင် မြန်မာနိုင်ငံအား တရားစွဲဆိုထားမှု ကြားနာခြင်းအား ICJ က တိုက်ရိုက်ထုတ်လွှင့်မည်

ICJ တွင် မြန်မာနိုင်ငံအား တရားစွဲဆိုထားမှု ကြားနာခြင်းအား ICJ က တိုက်ရိုက်ထုတ်လွှင့်မည်
ဒီဇင်ဘာ 9, 2019
By Tachileik News Agency
ICJ တွင် မြန်မာနိုင်ငံအား တရားစွဲဆိုထားမှု ကြားနာခြင်းအား ICJ က တိုက်ရိုက်ထုတ်လွှင့်မည်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ ဒီဇင်ဘာလ (၁၂)ရက်နေ့အထိ ကြားနာမှုများကို ICJ က  www.icj-cij.org/en/multimedia-index နှင့် https://www.facebook.com/UNWebTV  တို့တွင် အင်္ဂလိပ်၊ ပြင်သစ် ဘာသာစကား (၂) မျိုးဖြင့် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။
မြန်မာအား တရားစွဲဆိုထားမှုကို ကြားနာခြင်းအား ဒီဇင်ဘာလ (၁၀) ရက်နေ့ နံနက် (၁၀)နာရီမှ နေ့လယ် (၁)နာရီ (မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှ ညနေ ၆ နာရီခွဲ)၌ လည်းကောင်း၊ ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက် (၁၀)နာရီမှ နေ့လယ် (၁)နာရီအထိ (မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှ ညနေ ၆ နာရီခွဲ) အထိ လည်းကောင်း၊ ဒီဇင်ဘာလ (၁၂)ရက်နေ့ နံနက် (၁၀)နာရီမှ နံနက် (၁၁)နာရီခွဲ (မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှ ညနေ ၅ နာရီ) အထိ လည်းကောင်း၊ ဒုတိယအကျော့ကို ညနေ (၄)နာရီခွဲမှ ညနေ (၆)နာရီ (မြန်မာစံတော်ချိန် ည  ၁၀ နာရီမှ ည ၁၁ နာရီခွဲ) အထိလည်းကောင်းကြားနာချိန်၌ တိုက်ရိုက်ထုတ်လွှင့်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင်း လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်များကို ဖြေရှင်းရန်ပျက်ကွက်မှုဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့က တရားစွဲဆိုထားသဖြင့် မြန်မာနိုင်ငံမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့က သွားရောက်ရင်ဆိုင်နေခြင်းဖြစ်သည်။
Tachileik News Agency
photo: ICJ
ဆက်စပ်သတင်း


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~