ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ကျင်းပနေပြီး မြန်မာပါဝင်သည့် တိုင်းရင်းသား လူမျိုးစု (၁၀) မျိုး၏ ရိုးရာပွဲတော် ဖွင့်ပွဲအား ဒီဇင်ဘာ ၇ ရက်နေ့ ညတွင် ပြုလုပ်မည်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ကျင်းပနေပြီး မြန်မာပါဝင်သည့် တိုင်းရင်းသား လူမျိုးစု (၁၀) မျိုး၏ ရိုးရာပွဲတော် ဖွင့်ပွဲအား ဒီဇင်ဘာ ၇ ရက်နေ့ ညတွင် ပြုလုပ်မည်
ဒီဇင်ဘာ 7, 2019
By Tachileik News Agency

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ကျင်းပနေပြီး မြန်မာပါဝင်သည့် တိုင်းရင်းသား လူမျိုးစု (၁၀) မျိုး၏ ရိုးရာပွဲတော် ဖွင့်ပွဲအား ဒီဇင်ဘာ ၇ ရက်နေ့ ညတွင် ပြုလုပ်မည် 

မြန်မာ - ထိုင်းနယ်စပ် မယ်ဆိုင်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့က စတင်ကာ ကျင်းပနေသည့်တိုင်းရင်းသား လူမျိုးစု (၁၀) မျိုး၏ ရိုးရာပွဲတော်၏ ဖွင့်ပွဲအား ဒီဇင်ဘာလ(၇)ရက်နေ့ ည(၇)နာရီတွင် ပြုလုပ်မည်ဖြစ်သည်။

ပြပွဲတွင် မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတွင်းမှ  လူနေမှုဘဝပုံစံ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ပါဝင်ပြသထားကြရာ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပြသထားသည့်  မြန်မာ့ရိုးရာအိမ်တွင် ရွှေတိဂုံစေတီတော် ပုံစံတူ၊ ကျိုက်ထီရိုးစေတီတော်ပုံစံတူများ ပြသခြင်းအပြင်  မြန်မာ့ရိုးရာအစားအစာများနှင့် မြန်မာရိုးရာ ဝတ်စုံများကိုလည်း ရောင်းချပေးနိုင်ရန်စီစဉ်ထားကြောင်း သိရသည်။

 

အဆိုပါ ပွဲတော်အား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လိုတပ်ကုန်တိုက်သွားရာလမ်း ချဲင်းဆန်မီးပွိုင့်လမ်းဆုံအနီး၊ လက်ဖက်ခြံအတွင်း ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"မယ်ဆိုင်စည်ပင်သာယာရေးကော်မတီက ဦးစီးကျင်းပတာပေါ့။ တာချီလိတ်ဘက်ကနေ  လာကြည့်ချင်တဲ့ သူတွေအနေနဲ့ ပုံမှန်တံတားကူးလက်မှတ်နဲ့ လာလို့ရပါတယ်"ဟု ဦးထွန်း(မယ်ဆိုင်) က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ပွဲတော်၏ ပြပွဲကာလအတွင်း ဝင်ကြေးပေးစရာလိုမည်မဟုတ်ကြောင်း နှင့် တာချီလိတ်ဘက်မှ သွားရောက်လည်ပတ်လိုသူများလည်း လာရောက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ဦးထွန်း(မယ်ဆိုင်)




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~