တာချီလိတ်မြို့နယ်စာရေးဆရာအသင်း တည်ထောင်ခြင်း နှစ်(၂၀) ပြည့် အထိမ်းအမှတ်အဖြစ် ရွှေတြိဂံမဂ္ဂဇင်း(အထူးထုတ်)မိတ်ဆက်

တာချီလိတ်မြို့နယ်စာရေးဆရာအသင်း တည်ထောင်ခြင်း နှစ်(၂၀) ပြည့် အထိမ်းအမှတ်အဖြစ် ရွှေတြိဂံမဂ္ဂဇင်း(အထူးထုတ်)မိတ်ဆက်
ဒီဇင်ဘာ 7, 2019
By Tachileik News Agency
တာချီလိတ်မြို့နယ်စာရေးဆရာအသင်း တည်ထောင်ခြင်း နှစ်(၂၀) ပြည့် အထိမ်းအမှတ်အဖြစ်  
ရွှေတြိဂံမဂ္ဂဇင်း(အထူးထုတ်)မိတ်ဆက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တာချီလိတ်မြို့နယ်စာရေးဆရာအသင်း တည်ထောင်ခြင်းနှစ် (၂၀) ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ရွှေတြိဂံမဂ္ဂဇင်း(အထူးထုတ်)မိတ်ဆက်ပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့ နံနက်ပိုင်းက Happy စားသောက်ဆိုင်၌ ကျင်းပသည်။

 

“ဒီနှစ်က အထူးထုတ်လုပ်လိုက်တော့ တစ်အုပ်ကို ကျပ် (၇၀၀၀) ကုန်တယ်။ ဒေသတွင်း စာဖတ်ရှိန်မြှင့်တက်လာရေးအတွက် ဒေသတွင်းက အခြေအနေတွေကို မှတ်တမ်းမှတ်ရာဖြစ်အောင် ကျပ် (၇၀၀၀)နဲ့ ပြန်လည်ရောင်းပေးနေပါတယ်။ စာအုပ်ထုတ်တာကလည်း စာရေးဆရာအသင်း ရန်ပုံငွေနဲ့ ထုတ်တာအပြင် စာရေးဆရာ ကိုသားကြီးကလည်း ဒီအတွက် (၁၂)သိန်း၊ စာရေးဆရာအသင်းက (၇)သိန်း လှူဒါန်းပေးထားပါတယ်။ လိုအပ်တာတွေကို ကျွန်တော် စိုက်ထုတ်ပေးထားပါတယ်။ ဒီထဲမှာ ကြော်ငြာက (၁၀)သိန်း၊ (၁၂)သိန်းလောက်ပြန်ဝင်တာက အုပ် (၂၀၀)ကို ဌာနဆိုင်ရာတွေနဲ့ စာမူရှင်တွေကို လက်ဆောင်ပေးတဲ့ (၂၀၀)အတွက် သုံးလိုက်တယ်။ ရောင်းပေးဖို့အတွက် အုပ်ရေ (၁၀၀၀)ပါ။ စာရေးဆရာအသင်းရုံးနဲ့ ပြန်ဆက်ရုံးမှာ ရောင်းပေးနေတာပါ”ဟု  တာချီလိတ်မြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ဒုရဲမှူး စံသိန်း (မောင်ဖိုးစံ ဒူယား)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စာအုပ်မိတ်ဆက်ပွဲအခမ်းအနားသို့ စစ်ဗျုဟာအဖွဲ့ (အခြချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သော်ဇင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊   ခရိုင်ဥပဒေအရာရှိ ဦးသိန်းထွန်း၊  ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာမူရှင်များ၊ လုပ်ငန်းရှင်များ နှင့် ဖိတ်ကြားထားသည့် လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြသည်ကို တွေ့ရသည်။

 တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒုတိယရဲမှူး စံသိန်း (မောင်ဖိုးစံ-ဒူးယား မြစ်ဝကျွန်းပေါ်)၊ အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်နိုင်(နိုင်မောင်မောင်) တရားလွှတ်တော်ရှေ့နေ၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးဝေယံဦး(နေတစ်စင်း)တရားလွှတ်တော်ရှေ့နေ၊ နာယကများအဖြစ် ဦးစိုင်းကျော်ဇံ (စိုင်းလုံကျော်) ကယားပြည်နယ်ဥပဒေချုပ်၊ ဗိုလ်ချုပ်ဇော်နိုင်ဦး (ကိုသားကြီး)၊ ဒေါက်တာမြင့်အောင် (မောင်မြန်မာ)၊ ဦးစိုးစိုး (သုတစိုး-နေ့သစ်) လက်ထောက်ညွှန်ကြားရေးမှူး(ပြန်/ဆက်)(ငြိမ်း)၊ ဦးမြင့်လွင် (ဇေယျာမင်း-ကေတု) အင်ဂျင်နီယာ၊ အဖွဲ့ဝင်များအဖြစ် ဦးထိန်မင်း(မင်းအေးငြိမ်းဈေ) မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ (ငြိမ်း)၊ ဦးမောင်ကြည်(မောင်ဆွေငြိမ်း) လက်ထောက်ညွှန်ကြားရေးမှူး (ပြန်/ဆက်)(ငြိမ်း)၊ ဦးစိုးဝင်းသင်း (စိုင်းမောင်-တောင်ကြီး) စစ်မှုထမ်းဟောင်း၊ ဦးမြင့်ဝင်းလှ(မြတ်မျိုးမြင့်မာန်) ဒုတိယမြို့နယ်ပညာရေးမှူး(ပညာရေး)၊ ဦးစိုင်းဇော်မိုး(ဆုလဏီး)(ရွှေကျွန်းညိုမိုတယ်)၊ ဦးစိုင်းအောင်ကြိုင်(နန်းရွှေလီကြိုင်-မိုင်းပန်) ဒုတိယလဝကမှူး၊ ဦးလှဌေး(ဝေယံလင်း) လက်ထောက်ညွှန်ကြားရေးမှူး (ပြန်/ဆက်)၊ ဒေါက်တာကျော်စွာမြင့်(ဒေါက်တာကျော်စွာမြင့်) ကလေးအထူးကု ဆရာဝန်ကြီး၊ ဦးသိန်းရွှေ(သိန်းရွှေ-ဓာတ်ခွဲမှူး)တို့ပါဝင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

1အအ 1



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~