ဘောလုံးအားကစားအခြေပြု ရပ်ရွာလူထုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ လားရှိုးတွင် ကျင်းပ

ဘောလုံးအားကစားအခြေပြု ရပ်ရွာလူထုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ လားရှိုးတွင် ကျင်းပ
နိုဝင်ဘာ 4, 2019
By 🌸
ဘောလုံးအားကစားအခြေပြု ရပ်ရွာလူထုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ လားရှိုးတွင် ကျင်းပ
***********

Football United (UNSW) နှင့် မြန်မာတက္ကသိုလ် (၁၀) ခုတို့ ပူးပေါင်းဆောင်ရွက်နေသည့် ဘောလုံးအားကစားအခြေပြု ရပ်ရွာလူထု ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် ဘောလုံးအားကစားပြိုင်ပွဲများကို ရှမ်းပြည်နယ်မြောက်ပိုင်း (၄)မြို့နယ်တွင် ကျင်းပမည်ဖြစ်သည်။

လားရှိုး၊ သီပေါ၊ ကျောက်မဲနှင့် နောင်ချို (၄)မြို့နယ်တွင် ဘောလုံးအားကစား အခြေပြု ရပ်ရွာလူထု ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် ပထမဆုံးအကြိမ် ချစ်ကြည်ရေးဘောလုံးပွဲကို  ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့က လားရှိုးမြို့ ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ ချစ်ကြည်ရေးဘောလုံးပွဲကို လားရှိုးတက္ကသိုလ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် UNSW (Football United) တို့က ပူးပေါင်းအကောင်အထည်ဖေါ်ခြင်းဖြစ်ပြီး ဗြိတိန်ပြည်သူများ၏ လှူဒါန်းထည့်ဝင်ငွေဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

"၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလမှာ ဘားအံတက္ကသိုလ်ကနေပြီးတော့ အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ ဖိုရမ်ကြီးတစ်ခု လုပ်ခဲ့ပါတယ်။ ဖိုရမ်ထဲမှာပါတဲ့ စီမံချက်တွေထဲက ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာရှိတဲ့ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုစတဲ့ မြို့နယ် (၄) ခုမှာ စီမံချက်လုပ်ငန်းတွေကို ဆောင်ရွက်နေတာပါ။ စီမံချက်အရ သဘာဝဘေးအန္တရာယ် ကာကွယ်လျော့ချရေးနဲ့ ရပ်ရွာလူထုအကျိုးပြု ဘောလုံးကစားနည်းသင်တန်းတွေကို ကျောင်းတွေမှာ ဖွင့်ပေးတယ်။ အဲဒီကျောင်းတွေက သင်တန်းသားတွေပါဝင်တဲ့ "ငြိမ်းချမ်းချစ်ကြည် နိုင်ငံတည်" ဆိုတဲ့ ခေါင်းစဉ်နဲ့ အခုလို ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ပြုလုပ်ပေးတာဖြစ်ပါတယ်။ UNSW (Football United) နဲ့ ပူးပေါင်းလုပ်ဆောင်တာတွေထဲက ရှမ်းမြောက်မှာ ပထမဦးဆုံးပြုလုပ်တဲ့ အစီအစဉ်ဖြစ်ပါတယ်"  ဟု လားရှိုးတက္ကသိုလ်ကြက်ခြေနီအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးဟိန်းထက်နိုင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့တွင်ကျင်းပခဲ့သည့် ပြိုင်ပွဲ၌ အခြေခံပညာအထက်တန်းကျောင်း (၄) ကျောင်း၊ အလကခွဲ (ဟိုပိတ်ကျေးရွာ)နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ကျောင်းတို့မှ စုစုပေါင်း ဘောလုံးအသင်း (၁၈) သင်းပါဝင်ကစားခဲ့ပြီး အမျိုးသား၊ အမျိုးသမီး အငယ်တန်းနှင့် အကြီးတန်းအသင်းများမှ စုစုပေါင်း အသင်းသား (၃၆၀) ဦး ပါဝင်ကစားခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဆုရအသင်းများအား နိုဝင်ဘာလ (၂) ရက်နေ့ ညနေပိုင်းက ဆုပေးပွဲပြုလုပ်ခဲ့ပြီး တံခွန်စိုက်ဆု ရရှိသည့် လားရှိုး အထက(၅)၊ အသန့်ရှင်းဆုံးဆု ရရှိသည့် အထက (၄)၊ အမျိုးသားအသင်း (အငယ်တန်း) ပထမဆု ရရှိသည့် အထက (၁)၊ အမျိုးသား(အကြီးတန်း)ပထမဆုရ စိတ္တသုခ(ဘက)၊ အမျိုးသမီးအသင်း ပထမဆုရ အထက (၅)၊ ဒုတိယဆုရအသင်းများ၊  အကောင်းဆုံးကစားသမားဆုများကိုလဲ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ေဘာလံုးအားကစားအေျချပဳ ရပ္ရြာလူထုဖြံ႕ၿဖိဳးတိုးတက္ေရးအစီအစဥ္၏ ခ်စ္ၾကည္ေရးေဘာလံုးၿပိဳင္ပြဲ လားရိႈးတြင္ က်င္းပ
***********

Football United (UNSW) ႏွင့္ ျမန္မာတကၠသိုလ္ (၁၀) ခုတို႔ ပူးေပါင္းေဆာင္ရြက္ေနသည့္ ေဘာလံုးအားကစားအေျချပဳ ရပ္ရြာလူထု ဖြံ႔ၿဖိဳးတိုးတက္ေရးအစီအစဥ္ျဖင့္ ေဘာလံုးအားကစားၿပိဳင္ပြဲမ်ားကို ရွမ္းျပည္နယ္ေျမာက္ပိုင္း (၄)ၿမိဳ႕နယ္တြင္ က်င္းပမည္ျဖစ္သည္။

လားရိႈး၊ သီေပါ၊ ေက်ာက္မဲႏွင့္ ေနာင္ခ်ိဳ (၄)ၿမိဳ႕နယ္တြင္ ေဘာလံုးအားကစား အေျချပဳ ရပ္ရြာလူထု ဖြ႔ံၿဖိဳးတိုးတက္ေရးအစီအစဥ္ျဖင့္ ပထမဆံုးအႀကိမ္ ခ်စ္ၾကည္ေရးေဘာလံုးပြဲကို  ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၂) ရက္ေန႔က လားရိႈးၿမိဳ႕ ခရိုင္အားကစားကြင္း၌ က်င္းပခဲ့ျခင္းျဖစ္သည္။

အဆိုပါ ခ်စ္ၾကည္ေရးေဘာလံုးပြဲကို လားရိႈးတကၠသိုလ္၊ ျမန္မာႏုိင္ငံၾကက္ေျခနီအသင္းႏွင့္ UNSW (Football United) တို႔က ပူးေပါင္းအေကာင္အထည္ေဖၚျခင္းျဖစ္ၿပီး ၿဗိတိန္ျပည္သူမ်ား၏ လွဴဒါန္းထည့္ဝင္ေငြျဖင့္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

"၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလမွာ ဘားအံတကၠသိုလ္ကေနၿပီးေတာ့ အိမ္ရွင္အျဖစ္က်င္းပခဲ့တဲ့ ဖိုရမ္ႀကီးတစ္ခု လုပ္ခဲ့ပါတယ္။ ဖိုရမ္ထဲမွာပါတဲ့ စီမံခ်က္ေတြထဲက ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွာရွိတဲ့ လားရိႈး၊ သီေပါ၊ ေက်ာက္မဲ၊ ေနာင္ခ်ိဳစတဲ့ ၿမိဳ႕နယ္ (၄) ခုမွာ စီမံခ်က္လုပ္ငန္းေတြကို ေဆာင္ရြက္ေနတာပါ။ စီမံခ်က္အရ သဘာဝေဘးအႏၱရာယ္ ကာကြယ္ေလ်ာ့ခ်ေရးနဲ႔ ရပ္ရြာလူထုအက်ိဳးျပဳ ေဘာလံုးကစားနည္းသင္တန္းေတြကို ေက်ာင္းေတြမွာ ဖြင့္ေပးတယ္။ အဲဒီေက်ာင္းေတြက သင္တန္းသားေတြပါဝင္တဲ့ "ၿငိမ္းခ်မ္းခ်စ္ၾကည္ ႏိုင္ငံတည္" ဆိုတဲ့ ေခါင္းစဥ္နဲ႔ အခုလို ေက်ာင္းေပါင္းစံု ေဘာလံုးၿပိဳင္ပြဲကို ျပဳလုပ္ေပးတာျဖစ္ပါတယ္။ UNSW (Football United) နဲ႔ ပူးေပါင္းလုပ္ေဆာင္တာေတြထဲက ရွမ္းေျမာက္မွာ ပထမဦးဆံုးျပဳလုပ္တဲ့ အစီအစဥ္ျဖစ္ပါတယ္"  ဟု လားရိႈးတကၠသိုလ္ၾကက္ေျခနီအသင္းမွ တြဲဖက္အတြင္းေရးမွဴး ဦးဟိန္းထက္ႏိုင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသုိ႔ ေျပာသည္။

လားရိႈးၿမိဳ႕တြင္က်င္းပခဲ့သည့္ ၿပိဳင္ပြဲ၌ အေျခခံပညာအထက္တန္းေက်ာင္း (၄) ေက်ာင္း၊ အလကခြဲ (ဟိုပိတ္ေက်းရြာ)ႏွင့္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းတစ္ေက်ာင္းတို႔မွ စုစုေပါင္း ေဘာလံုးအသင္း (၁၈) သင္းပါဝင္ကစားခဲ့ၿပီး အမ်ိဳးသား၊ အမ်ိဳးသမီး အငယ္တန္းႏွင့္ အႀကီးတန္းအသင္းမ်ားမွ စုစုေပါင္း အသင္းသား (၃၆၀) ဦး ပါဝင္ကစားခဲ့ေၾကာင္း သိရသည္။

ၿပိဳင္ပြဲတြင္ ဆုရအသင္းမ်ားအား ႏိုဝင္ဘာလ (၂) ရက္ေန႔ ညေနပိုင္းက ဆုေပးပြဲျပဳလုပ္ခဲ့ၿပီး တံခြန္စိုက္ဆု ရရိွသည့္ လားရိႈး အထက(၅)၊ အသန္႔ရွင္းဆံုးဆု ရရိွသည့္ အထက (၄)၊ အမ်ိဳးသားအသင္း (အငယ္တန္း) ပထမဆု ရရိွသည့္ အထက (၁)၊ အမ်ိဳးသား(အႀကီးတန္း)ပထမဆုရ စိတၱသုခ(ဘက)၊ အမ်ိဳးသမီးအသင္း ပထမဆုရ အထက (၅)၊ ဒုတိယဆုရအသင္းမ်ား၊  အေကာင္းဆံုးကစားသမားဆုမ်ားကိုလဲ ေပးအပ္ခ်ီးျမွင့္ ခဲ့ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net