တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ဒုတိယနေ့တွင် ညမီးကြီး စိန်နားပန် (၁၁)လုံး ဆက်လက်ယှဉ်ပြိုင်နေ

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ဒုတိယနေ့တွင် ညမီးကြီး စိန်နားပန် (၁၁)လုံး ဆက်လက်ယှဉ်ပြိုင်နေ
နိုဝင်ဘာ 5, 2019
By 🌸



တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ဒုတိယနေ့တွင် ညမီးကြီး စိန်နားပန် (၁၁)လုံး ဆက်လက်ယှဉ်ပြိုင်နေ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ဒုတိယနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် နေ့လွှတ်အရုပ်ပေါင်း (၃၃)ရုပ်နှင့် ညမီးကြီး စိန်နားပန် (၁၁)လုံးတို့ ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။

မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ (၄)ရက်နေ့တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး နိုဝင်ဘာလ (၁၂)ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

မီးပုံးပျံပြိုင်ပွဲ ပထမနေ့ဖြစ်သည့် နိုဝင်ဘာလ (၄)ရက်နေ့က မိုးအနည်းငယ်ရွာသွန်းခဲ့၍ ဖွင့်ပွဲအခမ်းအနားကို အချိန်အနည်းငယ်နောက်ကျ၍ ဖွင့်လှစ်ခဲ့ရပြီး နေ့လွှတ်အရုပ်ပေါင်း (၃၀)နှင့် ညမီးကြီး စိန်နားပန် (၁၀)လုံး ယှဉ်ပြိုင်ရာတွင် ညမီးကြီးစိန်နားပန် (၂)လုံး ပျက်ကျသွားခဲ့သည်။

တောင်ကြီးမြို့ရှိ အဝေယာမီးပုံးပျံကွင်းအတွင်း (၈)ရက်ကြာကျင်းပမည့် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲတွင် နေ့လွှတ်အရုပ်ပေါင်း (၂၈၁)ရုပ်နှင့် ညမီးကြီး စိန်နားပန် စုစုပေါင်း (၁၁၅)လုံးတို့ ယှဉ်ပြိုင်လွှတ်တင်ကြမည်ဖြစ်သည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

ဆက်စပ်သတင်းများ
တောင်ကြီး တန်ဆောင်တိုင်မီးပုံပျံပွဲတော်တွင် ဆုကြေးငွေများ တိုးမြှင့်ပေးထား

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net