တာချီလိတ်၌ မူလတန်းကြိုဆရာဖြစ်သင်တန်း လျှောက်ထားလိုသူများ နိုဝင်ဘာလ (၁၀)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်

တာချီလိတ်၌ မူလတန်းကြိုဆရာဖြစ်သင်တန်း လျှောက်ထားလိုသူများ နိုဝင်ဘာလ (၁၀)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်
နိုဝင်ဘာ 1, 2019
By Tachileik News Agency
တာချီလိတ်၌ မူလတန်းကြိုဆရာဖြစ်သင်တန်း လျှောက်ထားလိုသူများ နိုဝင်ဘာလ (၁၀)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်
*************

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနက မူလတန်းကြိုဆရာဖြစ်သင်တန်း အခြေခံအဆင့်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့၌ စတင်ဖွင့်လှစ်မည်ဖြစ်၍ သင်တန်းလျှောက်ထားလိုသူများအနေဖြင့် နိုဝင်ဘာလ (၁၀)ရက်နေ့ နောက်ဆုံးလျှောက်ထားနိုင်မည်ဖြစ်သည်။

သင်တန်းကာလမှာ နိုဝင်ဘာလ (၁၁)ရက်နေ့မှ ဒီဇင်ဘာလ (၆)ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေး ကျပ်နှစ်သောင်းခွဲကျသင့်မည်ဖြစ်သည်။

ပညာအရည်အချင်း အလယ်တန်းအဆင့်ရှိသည့် အသက်(၁၅)နှစ်မှ အသက်(၅၀)အရွယ် အမျိုးသား၊ အမျိုးသမီးမရွေးလျှောက်ထားနိုင်မည်ဖြစ်သည်။

သင်တန်းလျှောက်ထားလိုသူများအနေဖြင့် ဆန်ဆိုင်းရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစိးဌာန၊ တာချီလိတ် မူလတန်းကြိုကျောင်းနှင့် တာလော့ မူလတန်းကြိုကျောင်းများနှင့် ဖုန်း 09 490051982၊ 09 257147082 နှင့် 09 252171067 တို့သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြမည်ဖြစ်သည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္၌ မူလတန္းႀကိဳဆရာျဖစ္သင္တန္း ေလွ်ာက္ထားလိုသူမ်ား ႏိုဝင္ဘာလ (၁၀)ရက္ေန႔ ေနာက္ဆံုးထား၍ ေလွ်ာက္ထားႏုိင္
*************

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ လူမႈဝန္ထမ္းဦးစီးဌာနက မူလတန္းႀကိဳဆရာျဖစ္သင္တန္း အေျခခံအဆင့္ကို ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၁)ရက္ေန႔၌ စတင္ဖြင့္လွစ္မည္ျဖစ္၍ သင္တန္းေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ႏိုဝင္ဘာလ (၁၀)ရက္ေန႔ ေနာက္ဆံုးေလွ်ာက္ထားႏုိင္မည္ျဖစ္သည္။

သင္တန္းကာလမွာ ႏိုဝင္ဘာလ (၁၁)ရက္ေန႔မွ ဒီဇင္ဘာလ (၆)ရက္ေန႔အထိ ၾကာျမင့္မည္ျဖစ္ၿပီး သင္တန္းေၾကး က်ပ္ႏွစ္ေသာင္းခြဲက်သင့္မည္ျဖစ္သည္။

ပညာအရည္အခ်င္း အလယ္တန္းအဆင့္ရိွသည့္ အသက္(၁၅)ႏွစ္မွ အသက္(၅၀)အရြယ္ အမ်ိဳးသား၊ အမ်ိဳးသမီးမေရြးေလွ်ာက္ထားႏုိင္မည္ျဖစ္သည္။

သင္တန္းေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ဆန္ဆုိင္းရပ္ကြက္ရိွ လူမႈဝန္ထမ္းဦးစိးဌာန၊ တာခ်ီလိတ္ မူလတန္းႀကိဳေက်ာင္းႏွင့္ တာေလာ့ မူလတန္းႀကိဳေက်ာင္းမ်ားႏွင့္ ဖုန္း 09 490051982၊ 09 257147082 ႏွင့္ 09 252171067 တို႔သို႔ ဆက္သြယ္စံုစမ္း စာရင္းေပးသြင္းႏုိင္ၾကမည္ျဖစ္သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net