တာချီလိတ် ဝမ်မိုင်ရွာဘက်ရှိ ရာဘာခြံတွင် ကြိုးဆွဲချပုံစံဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ

တာချီလိတ် ဝမ်မိုင်ရွာဘက်ရှိ ရာဘာခြံတွင် ကြိုးဆွဲချပုံစံဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
နိုဝင်ဘာ 3, 2019
By 🌸
တာချီလိတ် ဝမ်မိုင်ရွာဘက်ရှိ ရာဘာခြံတွင် ကြိုးဆွဲချပုံစံဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
***********

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာရှိ မိုးကုတ်ဝိပဿနာကျောင်းအနီးမှ ရာဘာခြံတစ်ခြံတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ ညပိုင်းက အမျိုးသားတစ်ဦးကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရပြီး မည်သူဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“အခု ဆေးရုံမှာ ရောက်နေပါပြီ။ ဘယ်သူဆိုတာတော့ အတည်ပြုနိုင်ဖို့ လုပ်နေဆဲပါ။ ရာဘာခြံထဲမှာ ကြိုးဆွဲချသေနေတာ တွေ့ရတာပါ”ဟု တာချီလိတ်မြို့မရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အမျိုးသားအလောင်းကို လာရောက်သယ်ဆောင်ပေးရန် ရဲတပ်ဖွဲ့နှင့် ဆန်ဆိုင်း (ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ည(၈)နာရီဝန်းကျင်၌ ဖုန်းဆက်အကြောင်းကြား၍ တာချီလိတ်နာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံသို့ အလောင်းကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့က စစ်ဆေးပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ ဝမ္မုိင္ရြာဘက္ရိွ ရာဘာၿခံတြင္ ႀကိဳးဆြဲခ်ပံုစံျဖင့္ ေသဆံုးေနသည့္ အမ်ိဳးသားအေလာင္းေတြ႔ရိွ
***********

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ဝမ္မုိင္ရြာရိွ မိုးကုတ္ဝိပႆနာေက်ာင္းအနီးမွ ရာဘာၿခံတစ္ၿခံတြင္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၃)ရက္ေန႔ ညပိုင္းက အမ်ိဳးသားတစ္ဦးႀကိဳးဆြဲခ် ေသဆံုးေနသည္ကို ေတြ႔ရၿပီး မည္သူျဖစ္သည္ကို အတည္ျပဳႏုိင္ျခင္းမရိွေသးေၾကာင္း သိရသည္။

“အခု ေဆးရံုမွာ ေရာက္ေနပါၿပီ။ ဘယ္သူဆိုတာေတာ့ အတည္ျပဳႏုိင္ဖို႔ လုပ္ေနဆဲပါ။ ရာဘာၿခံထဲမွာ ႀကိဳးဆြဲခ်ေသေနတာ ေတြ႔ရတာပါ”ဟု တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕ဝင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အမ်ိဳးသားအေလာင္းကို လာေရာက္သယ္ေဆာင္ေပးရန္ ရဲတပ္ဖြဲ႕ႏွင့္ ဆန္ဆုိင္း (ခ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ ည(၈)နာရီဝန္းက်င္၌ ဖုန္းဆက္အေၾကာင္းၾကား၍ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ျပည္သူ႔ေဆးရံုသို႔ အေလာင္းကို ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာကို ရဲတပ္ဖြဲ႕က စစ္ေဆးၿပီး စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနသည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net