SNLD ပါတီ၏ (၃၁)နှစ်ပြည့် ဂုဏ်ပြုအခမ်းအနား တာချီလိတ်တွင် ကျင်းပ

SNLD ပါတီ၏ (၃၁)နှစ်ပြည့် ဂုဏ်ပြုအခမ်းအနား တာချီလိတ်တွင် ကျင်းပ
နိုဝင်ဘာ 2, 2019
By 🌸
SNLD ပါတီ၏ (၃၁)နှစ်ပြည့် ဂုဏ်ပြုအခမ်းအနား တာချီလိတ်တွင် ကျင်းပ
**********

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) တည်ထောင်ခြင်း (၃၁) နှစ်ပြည့်အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၂) ရက်နေ့တွင် ကျင်းပသည်။

"လာမယ့် ၂၀၂၀ အတွက်ရော၊ လာမယ့် လာမယ့် ရွေးကောက်ပွဲတွေမှာရော ဒေသခံတွေ ထောက်ခံတဲ့ပါတီတွေ ဒေသခံတွေကိုယ်တိုင် လွှတ်တော်ထဲဝင်ပြီး ထဲထဲဝင်ဝင် လုပ်ဆောင်နိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ လာပြီးလုပ်ဆောင်တာပါ။ ပြည်သူတွေ နိုင်ငံရေးအမြင်ရရှိဖို့ လုပ်ဆောင်နေပါတယ်"ဟု လားရှိုးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင် ဦးစိုင်းဝမ်းလှိုင်းခမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၁၉၉၈ ခုနှစ် အောက်တိုဘာ (၂၆) ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည့် SNLD ပါတီ၏ (၃၁)နှစ်ပြည့် အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက သဝဏ်လွှာပေးပို့ခဲ့ပြီး တာချီလိတ်မြို့နယ် ပါတီ ဥက္ကဌ ဦးစိုင်းနွံတွီက ဖတ်ကြားခဲ့သည်။

 အခမ်းအနားတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဗဟိုကော်မတီအဖွဲ့ဝင်၊ ရှမ်းအရှေ့ ဥက္ကဋ္ဌ ဦးစိုင်းစိန္န(ခ) ဦးစိုင်းပန်းရွှေက အဖွင့်အမှာစကားပြောပြီး  လာရှိုးမြို့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်းနှင့် နမ္မတူမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးတို့က ပါတီတည်ထောင်ရခြင်းနှင့် လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။

SNLD ပါတီကို ပံ့ပိုးပေးသည့် အလှူရှင်များကိုလည်း အခမ်းအနားတွင် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ပါတီဝင်များ၊ ဖိတ်ကြားထားသူများလည်း တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
SNLD ပါတီ၏ (၃၁)ႏွစ္ျပည့္ ဂုဏ္ျပဳအခမ္းအနား တာခ်ီလိတ္တြင္ က်င္းပ
**********

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (SNLD) တည္ေထာင္ျခင္း (၃၁) နွစ္ျပည့္အခမ္းအနားကို ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာ (၂) ရက္ေန႔တြင္ က်င္းပသည္။

"လာမယ့္ ၂၀၂၀ အတြက္ေရာ၊ လာမယ့္ လာမယ့္ ေ႐ြးေကာက္ပြဲေတြမွာေရာ ေဒသခံေတြ ေထာက္ခံတဲ့ပါတီေတြ ေဒသခံေတြကိုယ္တိုင္ လႊတ္ေတာ္ထဲဝင္ၿပီး ထဲထဲဝင္ဝင္ လုပ္ေဆာင္ႏိုင္ဖို႔ တစ္ဖက္တစ္လမ္းကေန လာၿပီးလုပ္ေဆာင္တာပါ။ ျပည္သူေတြ ႏိုင္ငံေရးအျမင္ရရွိဖို႔ လုပ္ေဆာင္ေနပါတယ္"ဟု လားရိႈးၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ဗဟိုေကာ္မတီဝင္ ဦးစိုင္းဝမ္းလႈိင္းခမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၁၉၉၈ ခုႏွစ္ ေအာက္တိုဘာ (၂၆) ရက္ေန႔တြင္ စတင္တည္ေထာင္ခဲ့သည့္ SNLD ပါတီ၏ (၃၁)ႏွစ္ျပည့္ အခမ္းအနားသို႔ ပါတီဥကၠ႒ ဦးခြန္ထြန္းဦးက သဝဏ္လႊာေပးပို႔ခဲ့ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္ ပါတီ ဥကၠဌ ဦးစိုင္းႏြံတြီက ဖတ္ၾကားခဲ့သည္။

 အခမ္းအနားတြင္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္(SNLD) ဗဟိုေကာ္မတီအဖြဲ႕ဝင္၊ ရွမ္းအေရွ႕ ဥကၠ႒ ဦးစိုင္းစိႏၷ(ခ) ဦးစိုင္းပန္းေ႐ႊက အဖြင့္အမွာစကားေျပာၿပီး  လာရႈိးၿမိဳ႕၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းဝမ္းလႈိင္းခမ္းႏွင့္ နမၼတူၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ နန္းခမ္းေအးတို႔က ပါတီတည္ေထာင္ရျခင္းႏွင့္ လႊတ္ေတာ္အေတြ႕အႀကဳံမ်ားကို ရွင္းလင္းေျပာၾကားသည္။

SNLD ပါတီကို ပံ့ပိုးေပးသည့္ အလွဴရွင္မ်ားကိုလည္း အခမ္းအနားတြင္ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ခဲ့သည္။

အခမ္းအနားသို႔ ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွ ပါတီဝင္မ်ား၊ ဖိတ္ၾကားထားသူမ်ားလည္း တက္ေရာက္ခဲ့ၾကျခင္းျဖစ္သည္။

Tachileik News Agency
သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net