တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ 'ဆ' မြေကွက်သစ်အတွင်း ကျူးကျော်နေထိုင်သူများကို မြေကွက်ပိုင်ရှင်များကိုယ်တိုင် တရားစွဲဖယ်ရှားရမည်

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ 'ဆ' မြေကွက်သစ်အတွင်း ကျူးကျော်နေထိုင်သူများကို မြေကွက်ပိုင်ရှင်များကိုယ်တိုင် တရားစွဲဖယ်ရှားရမည်
နိုဝင်ဘာ 1, 2019
By Tachileik News Agency
တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ 'ဆ' မြေကွက်သစ်အတွင်း ကျူးကျော်နေထိုင်သူများကို မြေကွက်ပိုင်ရှင်များကိုယ်တိုင် တရားစွဲဖယ်ရှားရမည်
*************

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ 'ဆ' မြေကွက်သစ်မှ မြေကွက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်တိုင်းတာ အကွက်ဖေါ်ပေးထားပြီးဖြစ်၍ ကျူးကျော်နေထိုင်နေသည့် နေအိမ်များကို သက်ဆိုင်ရာမြေကွက်ပိုင်ရှင်များက တရားစွဲဆို ဖယ်ရှားရန်လိုအပ်ကြောင်းသိရသည်။

"ကျွန်တော်တို့က မြေကွက်တွေပြန်ဖော်ပေးမယ်။ ပြန်ဖော်မယ့်နေရာမှာ ဥပဒေအရာရှိကို အကြံတောင်းတော့ ဒီထဲမှာရှိနေတဲ့ကျူးတွေကို သက်ဆိုင်ရာမြေကွက်ပိုင်ရှင်က တရားစွဲပါလို့ အကြံပေးတယ်။ ကျွန်တော်တို့က တိုင်းတာပြီး အကွက်ဖော်ပေးမယ်။ ကိုယ့်အကွက်ထဲမှာ ကျူးရှိနေတယ်ဆို အဲဒီပိုင်ရှင်က တရားစွဲရမှာ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝိန်းကျောက်ရပ်ကွက်အတွင်း (ဆ) မြေကွက်သစ်အဖြစ် ၂၀၀၅ ခုနှစ်၊ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ရှမ်းပြည်နယ်အရှေ့ပိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ခင်ဇော်လက်ထက်က ခွင့်ပြုပေးခဲ့ပြီး ပေ (၄၀ x ၆၀) မြေကွက်ပေါင်း (၁၆၀) ကျော်ချထားပေးခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်ထိ လူနေထိုင်ခြင်းမရှိဘဲ ခြုံနွယ်ထူထပ်သည့်နေရာဖြစ်နေ၍ ဝင်ရောက်နေထိုင်သူအချို့ ရှိလာခြင်းဖြစ်သည်။

အဆိုပါမြေကွက်သစ်နေရာတွင် ကျူးကျော်နေထိုင်သည့် နေအိမ် (၈) လုံးကို ဖယ်ရှားပေးရန်အတွက် ရပ်ကျေး၊ မြို့နယ်များမှ အကြောင်းကြားစာ (၃) ကြိမ်ပို့ဆောင်ထားပြီး နောက်ဆုံးအကြိမ် အကြောင်းကြားစာကို အောက်တိုဘာ (၂၀) ရက်နေ့တွင် ပေးပို့ထားကာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၃၁) ရက်နေ့တွင် နောက်ဆုံးထားဖယ်ရှားပေးရန် ဖော်ပြထားသည်။
Tachileik News Agency
သတင်း #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္အတြင္းရိွ 'ဆ' ေျမကြက္သစ္အတြင္း က်ဴးေက်ာ္ေနထိုင္သူမ်ားကို ေျမကြက္ပုိင္ရွင္မ်ားကိုယ္တုိင္ တရားစြဲဖယ္ရွားရမည္
*************

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္အတြင္းရိွ 'ဆ' ေျမကြက္သစ္မွ ေျမကြက္မ်ားကို သက္ဆုိင္ရာတာဝန္ရိွသူမ်ားက ျပန္လည္တုိင္းတာ အကြက္ေဖၚေပးထားၿပီးျဖစ္၍ က်ဴးေက်ာ္ေနထိုင္ေနသည့္ ေနအိမ္မ်ားကို သက္ဆုိင္ရာေျမကြက္ပိုင္ရွင္မ်ားက တရားစြဲဆို ဖယ္ရွားရန္လုိအပ္ေၾကာင္းသိရသည္။

"ကၽြန္ေတာ္တို႔က ေျမကြက္ေတြျပန္ေဖာ္ေပးမယ္။ ျပန္ေဖာ္မယ့္ေနရာမွာ ဥပေဒအရာရိွကို အႀကံေတာင္းေတာ့ ဒီထဲမွာရိွေနတဲ့က်ဴးေတြကို သက္ဆိုင္ရာေျမကြက္ပိုင္ရွင္က တရားစြဲပါလို႔ အႀကံေပးတယ္။ ကၽြန္ေတာ္တို႔က တိုင္းတာၿပီး အကြက္ေဖာ္ေပးမယ္။ ကိုယ့္အကြက္ထဲမွာ က်ဴးရိွေနတယ္ဆို အဲဒီပိုင္ရွင္က တရားစြဲရမွာ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဝိန္းေက်ာက္ရပ္ကြက္အတြင္း (ဆ) ေျမကြက္သစ္အျဖစ္ ၂၀၀၅ ခုႏွစ္၊ ႀတိဂံတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး ရွမ္းျပည္နယ္အေရွ႕ပိုင္း ေအးခ်မ္းသာယာေရးႏွင့္ဖြံ႕ၿဖိဳးေရးေကာင္စီ ဥကၠဌ ဗိုလ္ခ်ဳပ္ခင္ေဇာ္လက္ထက္က ခြင့္ျပဳေပးခဲ့ၿပီး ေပ (၄၀ x ၆၀) ေျမကြက္ေပါင္း (၁၆၀) ေက်ာ္ခ်ထားေပးခဲ့ျခင္းျဖစ္ကာ လက္ရိွအခ်ိန္ထိ လူေနထုိင္ျခင္းမရိွဘဲ ၿခံဳႏြယ္ထူထပ္သည့္ေနရာျဖစ္ေန၍ ဝင္ေရာက္ေနထုိင္သူအခ်ိဳ႕ ရိွလာျခင္းျဖစ္သည္။

အဆိုပါေျမကြက္သစ္ေနရာတြင္ က်ဴးေက်ာ္ေနထိုင္သည့္ ေနအိမ္ (၈) လံုးကို ဖယ္ရွားေပးရန္အတြက္ ရပ္ေက်း၊ ၿမို႕နယ္မ်ားမွ အေၾကာင္းၾကားစာ (၃) ႀကိမ္ပို႔ေဆာင္ထားၿပီး ေနာက္ဆံုးအႀကိမ္ အေၾကာင္းၾကားစာကို ေအာက္တိုဘာ (၂၀) ရက္ေန႔တြင္ ေပးပို႔ထားကာ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၃၁) ရက္ေန႔တြင္ ေနာက္ဆံုးထားဖယ္ရွားေပးရန္ ေဖာ္ျပထားသည္။
Tachileik News Agency
သတင္း #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net