မိုင်းဖြတ်မြို့ ဘိုရှီးကျေးရွာတွင် ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်စခန်းနှင့် ပြန်လည်ထူထောင်ရေး သင်တန်း ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်

မိုင်းဖြတ်မြို့ ဘိုရှီးကျေးရွာတွင် ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်စခန်းနှင့် ပြန်လည်ထူထောင်ရေး သင်တန်း ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်
နိုဝင်ဘာ 2, 2019
By 🌸
မိုင်းဖြတ်မြို့ ဘိုရှီးကျေးရွာတွင် ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်စခန်းနှင့် ပြန်လည်ထူထောင်ရေး သင်တန်း ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်
*********

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဘိုရှီးကျေးရွာတွင် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်စခန်းနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ (၁) ရက်နေ့မှစ၍ ရက်ပေါင်း (၄၀)ကြာ ဖွင့်လှစ်ဆောင်ရွက်နေပြီဖြစ်သည်။

ပထမဆုံးဖွင့်လှစ်သည့် သင်တန်းသို့ ဆေးဖြတ်ကုသပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်မည့်သူ (၃၀) ဦးတက်ရောက်နေပြီး ၎င်းတို့အား ရက်ပေါင်း (၄၀)အတွင်း ဆေးဖြတ်ကုသပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ ပိုးဇာပုံနှိပ်၊ ဘလောက်အုတ်နှင့် ဘက်စုံဆပ်ပြာဆီထုတ်လုပ်ငန်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခြင်းတို့ကို လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

သင်တန်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ အမှတ် (၁၈) စစ်ဆင်ရေးဦးစီးဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အေးမင်းဦးတို့လည်း တက်ရောက်ကြပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်အောင်က ဘိုရှီးကျေးရွာတွင် ပထမဆုံးအကြိမ် သင်တန်းဖြစ်မြောက်ရေး ကူညီပေးခဲ့သည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်အမှုများတွင် လူငယ်များ ထက်ဝက်ကျော် ပါဝင်နေပြီး မူးယစ်ဆေးသုံးစွဲမှုဖြင့် ဖမ်းဆီးခံရမှုမှာ များပြားကြောင်း ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ (ကျိုင်းတုံ)၏ စာရင်းများအရ သိရသည်။

သတင်း၊ဓါတ်ပုံ #ကိုသာ

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
မိုင္းျဖတ္ၿမို႕ ဘိုရွီးေက်းရြာတြင္ ရပ္ရြာအေျချပဳမူးယစ္ေဆးျဖတ္စခန္းနွင့္ ျပန္လည္ထူေထာင္ေရး သင္တန္း ပထမဆံုးအႀကိမ္ စတင္ဖြင့္လွစ္
*********

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ ဘိုရွီးေက်းရြာတြင္ ရပ္ရြာအေျချပဳ မူးယစ္ေဆးျဖတ္စခန္းနွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းကို ၂၀၁၉ ခုနွစ္ ႏို၀င္ဘာ (၁) ရက္ေန႔မွစ၍ ရက္ေပါင္း (၄၀)ၾကာ ဖြင့္လွစ္ေဆာင္ရြက္ေနၿပီျဖစ္သည္။

ပထမဆံုးဖြင့္လွစ္သည့္ သင္တန္းသို႔ ေဆးျဖတ္ကုသၿပီး ျပန္လည္ထူေထာင္ေရးလုပ္ေဆာင္မည့္သူ (၃၀) ဦးတက္ေရာက္ေနၿပီး ၎တို႔အား ရက္ေပါင္း (၄၀)အတြင္း ေဆးျဖတ္ကုသေပးျခင္း၊ က်န္းမာေရး ေစာင့္ေရွာက္မႈေပးျခင္း၊ စိတ္ပိုင္းဆိုင္ရာ၊ ရုပ္ပိုင္းဆိုင္ရာ ျပန္လည္ထူေထာင္ေပးျခင္း၊ ပိုးဇာပံုႏွိပ္၊ ဘေလာက္အုတ္ႏွင့္ ဘက္စံုဆပ္ျပာဆီထုတ္လုပ္ငန္းမ်ားကို စာေတြ႕လက္ေတြ႔ သင္ၾကားပို႔ခ်ေပးျခင္းတုိ႔ကို လုပ္ေဆာင္ေပးသြားမည္ျဖစ္သည္။

သင္တန္းကို ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္၊ အမွတ္ (၁၈) စစ္ဆင္ေရးဦးစီးဌာနခ်ဳပ္ စစ္ဆင္ေရးကြပ္ကဲေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေအးမင္းဦးတို႔လည္း တက္ေရာက္ၾကၿပီး ျပန္လည္ထူေထာင္ေရးဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးဥာဏ္ျမင့္ေအာင္က ဘိုရွီးေက်းရြာတြင္ ပထမဆံုးအႀကိမ္ သင္တန္းျဖစ္ေျမာက္ေရး ကူညီေပးခဲ့သည့္ အလွဴရွင္မ်ားကို ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္ခဲ့သည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသမ်ားတြင္ မူးယစ္ေဆးဝါးႏွင့္ပတ္သက္သည့္အမႈမ်ားတြင္ လူငယ္မ်ား ထက္ဝက္ေက်ာ္ ပါဝင္ေနၿပီး မူးယစ္ေဆးသံုးစြဲမႈျဖင့္ ဖမ္းဆီးခံရမႈမွာ မ်ားျပားေၾကာင္း ျပည္နယ္ဒုတိယရဲတပ္ဖြဲ႕ (က်ိဳင္းတုံ)၏ စာရင္းမ်ားအရ သိရသည္။

သတင္း၊ဓါတ္ပံု #ကိုသာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net