တာချီလိတ်မြို့ NIEC ကျောင်းမှ ကျောင်းသူတစ်ဦး နိုင်ငံတကာအဆင့် ပညာရေးဆိုင်ရာပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရန် ရွေးချယ်ခံရ

တာချီလိတ်မြို့ NIEC ကျောင်းမှ ကျောင်းသူတစ်ဦး နိုင်ငံတကာအဆင့် ပညာရေးဆိုင်ရာပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရန် ရွေးချယ်ခံရ
နိုဝင်ဘာ 4, 2019
By 🌸
တာချီလိတ်မြို့ NIEC ကျောင်းမှ ကျောင်းသူတစ်ဦး နိုင်ငံတကာအဆင့် ပညာရေးဆိုင်ရာပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရန် ရွေးချယ်ခံရ
**************

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ NIEC ကျောင်းမှ ကျောင်းသူ မယဉ်မေကို ကာတာနိုင်ငံ ဒိုဟာမြို့တွင် ပြုလုပ်မည့် နိုင်ငံတကာအဆင့်ပညာရေးဆိုင်ရာပြိုင်ပွဲ၌ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရန် ရွေးချယ်ခံရကြောင်း သိရသည်။

"ကျွန်မတို့ တာချီလိတ် NIEC ကျောင်းက ယဉ်မေလေးက အောက်တိုဘာ (၃၀) ရက်နေ့က နိုင်ငံလက်ရွေးစင်အဆင့် နောက်ဆုံးပြိုင်ပွဲယှဉ်ပြိုင်ခဲ့ပြီးတော့ နိုဝင်ဘာ (၁) ရက်နေ့က အရွေးခံခဲ့ရတယ်။ ကလေးအတွက် လေ့ကျင့်ချိန်က တစ်လပဲရခဲ့တာပေါ့။ သူရဲ့ကြိုးစားမှု၊ စိတ်အားထက်သန်မှုနဲ့ စိတ်ဝင်စားမှုတွေကြောင့် အခုလိုအရွေးခံခဲ့ရတာပေါ့။ ဒါကကျောင်းသူ၊ ကျောင်းသားတိုင်း အတုယူရမယ့် အချက်တွေပေါ့။ နောက်နှစ်တွေလည်း ကျွန်မတို့ ဆက်လက်ယှဉ်ပြိုင်သွားဦးမှာပါ။ ဒီဇင်ဘာ (၃) ရက်နေ့ကနေ (၁၂) ရက်နေ့အထိ ကာတာနိုင်ငံ ဒိုဟာမြို့မှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ"ဟု တာချီလိတ်မြို့ NIEC ကျောင်းမှ စီမံခန့်ခွဲမှုဒါရိုက်တာ ဒေါ်မီဒေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နိုင်ငံတကာအဆင့်ပညာရေးဆိုင်ရာ အဓိကပြိုင်ပွဲဖြစ်သည့် International Junior Science Olympiad (IJSO) ပြိုင်ပွဲတွင် နိုင်ငံပေါင်း (၅၀) မှ ကျောင်းသား၊ ကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်ကြပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ကျောင်းသား၊ ကျောင်းသူ (၆) ဦးအနက်မှ တာချီလိတ်မြို့ NIEC ကျောင်းမှ ကျောင်းသူ မယဉ်မေကို နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
International Junior Science Olympiad (IJSO) သည် သိပ္ပံပညာရပ်ဆိုင်ရာ တစ်ဦးချင်းနှင့် အဖွဲ့လိုက် ပြိုင်ပွဲများကို ၂၀၀၄ ခုနှစ်မှစပြီး နိုင်ငံများအလိုက် ကျင်းပခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် (၁၆)ကြိမ်မြောက်ပြိုင်ပွဲကို အာရပ်စော်ဘွားများနိုင်ငံ ကာတာမြို့တွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံပေါင်း (၈၃)နိုင်ငံရှိခဲ့ပြီး မြန်မာနိုင်ငံက ၂၀၀၇ ခုနှစ်တွင် ကျင်းပသည့် (၄)ကြိမ်မြောက်ပြိုင်ပွဲမှစ၍ နှစ်စဉ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ၿမို႕ NIEC ေက်ာင္းမွ ေက်ာင္းသူတစ္ဦး ႏိုင္ငံတကာအဆင့္ ပညာေရးဆိုင္ရာၿပိဳင္ပြဲတြင္ ႏိုင္ငံကိုယ္စားျပဳ ယွဥ္ၿပိဳင္ရန္ ေရြးခ်ယ္ခံရ
**************

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕ NIEC ေက်ာင္းမွ ေက်ာင္းသူ မယဥ္ေမကို ကာတာႏိုင္ငံ ဒိုဟာၿမို႕တြင္ ျပဳလုပ္မည့္ ႏိုင္ငံတကာအဆင့္ပညာေရးဆိုင္ရာၿပိဳင္ပြဲ၌ ႏိုင္ငံကိုယ္စားျပဳ ယွဥ္ၿပိဳင္ရန္ ေရြးခ်ယ္ခံရေၾကာင္း သိရသည္။

"ကၽြန္မတို႔ တာခ်ီလိတ္ NIEC ေက်ာင္းက ယဥ္ေမေလးက ေအာက္တိုဘာ (၃၀) ရက္ေန႔က ႏိုင္ငံလက္ေရြးစင္အဆင့္ ေနာက္ဆံုးၿပိဳင္ပြဲယွဥ္ၿပိဳင္ခဲ့ၿပီးေတာ့ ႏိုဝင္ဘာ (၁) ရက္ေန႔က အေရြးခံခဲ့ရတယ္။ ကေလးအတြက္ ေလ့က်င့္ခ်ိန္က တစ္လပဲရခဲ့တာေပါ့။ သူရဲ႕ႀကိဳးစားမႈ၊ စိတ္အားထက္သန္မႈနဲ႔ စိတ္ဝင္စားမႈေတြေၾကာင့္ အခုလိုအေရြးခံခဲ့ရတာေပါ့။ ဒါကေက်ာင္းသူ၊ ေက်ာင္းသားတိုင္း အတုယူရမယ့္ အခ်က္ေတြေပါ့။ ေနာက္ႏွစ္ေတြလည္း ကၽြန္မတို႔ ဆက္လက္ယွဥ္ၿပိဳင္သြားဦးမွာပါ။ ဒီဇင္ဘာ (၃) ရက္ေန႔ကေန (၁၂) ရက္ေန႔အထိ ကာတာႏိုင္ငံ ဒိုဟာၿမို႕မွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာပါ"ဟု တာခ်ီလိတ္ၿမို႕ NIEC ေက်ာင္းမွ စီမံခန္႔ခြဲမႈဒါရိုက္တာ ေဒၚမီေဒးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ႏိုင္ငံတကာအဆင့္ပညာေရးဆိုင္ရာ အဓိကၿပိဳင္ပြဲျဖစ္သည့္ International Junior Science Olympiad (IJSO) ၿပိဳင္ပြဲတြင္ ႏိုင္ငံေပါင္း (၅၀) မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားဝင္ေရာက္ယွဥ္ၿပိဳင္ၾကၿပီး ျမန္မာႏိုင္ငံ ကိုယ္စားျပဳအေနျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူ (၆) ဦးအနက္မွ တာခ်ီလိတ္ၿမို႕ NIEC ေက်ာင္းမွ ေက်ာင္းသူ မယဥ္ေမကို ႏိုင္ငံကိုယ္စားျပဳ ယွဥ္ၿပိဳင္ရန္ ေရြးခ်ယ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

International Junior Science Olympiad (IJSO) သည္ သိပၸံပညာရပ္ဆုိင္ရာ တစ္ဦးခ်င္းႏွင့္ အဖြဲ႕လိုက္ ၿပိဳင္ပြဲမ်ားကို ၂၀၀၄ ခုႏွစ္မွစၿပီး ႏုိင္ငံမ်ားအလုိက္ က်င္းပခဲ့ရာ ၂၀၁၉ ခုနွစ္တြင္ က်င္းပမည့္ (၁၆)ႀကိမ္ေျမာက္ၿပိဳင္ပြဲကို အာရပ္ေစာ္ဘြားမ်ားႏုိင္ငံ ကာတာၿမိဳ႕တြင္ က်င္းပမည္ျဖစ္သည္။

အဆိုပါၿပိဳင္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကသည့္ ႏုိင္ငံေပါင္း (၈၃)ႏုိင္ငံရိွခဲ့ၿပီး ျမန္မာႏုိင္ငံက ၂၀၀၇ ခုႏွစ္တြင္ က်င္းပသည့္ (၄)ႀကိမ္ေျမာက္ၿပိဳင္ပြဲမွစ၍ ႏွစ္စဥ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကျခင္းျဖစ္သည္။

Tachileik News Agency
သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net