နိုင်ငံပေါင်း (၁၅)နိုင်ငံ ယှဉ်ပြိုင်သည့် Mister Continental International ပြိုင်ပွဲတွင် တာချီလိတ်မှ ကိုသူရကျော်က ဆုနှစ်ဆုရရှိ

နိုင်ငံပေါင်း (၁၅)နိုင်ငံ ယှဉ်ပြိုင်သည့် Mister Continental International ပြိုင်ပွဲတွင် တာချီလိတ်မှ ကိုသူရကျော်က ဆုနှစ်ဆုရရှိ
နိုဝင်ဘာ 11, 2019
By 🌸

နိုင်ငံပေါင်း (၁၅)နိုင်ငံ ယှဉ်ပြိုင်သည့် Mister Continental International ပြိုင်ပွဲတွင် တာချီလိတ်မှ ကိုသူရကျော်က ဆုနှစ်ဆုရရှိ

မလေးရှားနိုင်ငံ Kota Kinabalu မြို့တွင် ကျင်းပသည့် Mister Continental International 2019 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် တာချီလိတ်မြို့မှ ကိုသူရကျော်သည် Grand Prix Ambassador Winner ဆုနှင့် Best in Sports Challenge ဆုများ ဆွတ်ခူးရရှိခဲ့သည်။

“ရှေ့ဆက်ပြီးတော့လည်း မော်ဒယ်လုပ်ငန်းတွေကို ဒီ MMPA Organization အောက်ကနေပဲ ဆက်လုပ်သွားဖို့ ရှိပါတယ်။ အခုလိုပြိုင်နိုင်အောင် ကျွန်တော့်အလုပ်ဖြစ်တဲ့ Maekhong River Hotel ကလည်း အကူအညီပေးလို့လည်း ကျေးဇူးတင်ရပါတယ်။ ကျွန်တော် ရန်ကုန်ရော၊ မလေးရှားရော သွားပြိုင်တဲ့ နှစ်ခေါက်လုံးကို လစာမဖြတ်ဘဲ ခွင့်ပေးခဲ့သလို အသွားအပြန် လေယာဉ်လက်မှတ်ပံ့ပိုးတာတွေလည်း လုပ်ပေးခဲ့တာပါ”ဟု Mister Continental International 2019 Grand Prix Ambassador Winner ဆုနှင့် Best in Sports Challenge ဆုများပိုင်ရှင် ကိုသူရကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Mister Continental International ပြိုင်ပွဲကို နိုဝင်ဘာလ (၅) ရက်နေ့မှစတင်ပြီး မလေးရှားနိုင်ငံ Kota Kinabalu မြို့တွင် ကျင်းပခဲ့ပြီး နိုင်ငံပေါင်း (၁၅) နိုင်ငံမှ ပြိုင်ပွဲဝင် (၁၅) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ -Thura Kyaw

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net