ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် မြန်မာ (၃)ဦးကို တာချီလိတ်သို့ လွှဲပြောင်း

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် မြန်မာ (၃)ဦးကို တာချီလိတ်သို့ လွှဲပြောင်း
နိုဝင်ဘာ 8, 2019
By 🌸
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် မြန်မာ (၃)ဦးကို တာချီလိတ်သို့ လွှဲပြောင်း

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၃)ဦးကို နယ်စပ်မြို့ ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်တွင် လာရောက်လွှဲပြောင်းပေးသည်။

မြန်မာနိုင်ငံသား အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦးတို့မှာ ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားများဖြစ်ကြောင်းသိရပြီး ပြစ်ဒဏ်စေ့၍ မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးလာခြင်းဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လဝကအရာရှိ Wason Koomhangsoing ဦးစီးသည့်အဖွဲ့က လာရောက်လွှဲပြောင်းပေးရာ တာချီလိတ်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လဝကမှူး အောင်မိုးကျော်ဦးစီးသည့်အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်တားအဖွဲ့နှင့် CNCMC အဖွဲ့တို့က စိစစ်လက်ခံခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင်း အထောက်အထားမပါဘဲ ဝင်ရောက်မှု၊ သတ်မှတ်နယ်မြေကျော်လွန်သွားလာမှု၊ နေထိုင်ခွင့်သက်တမ်း ကျော်လွန်မှုစသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ ပြစ်ဒဏ်စေ့ပါက နယ်စပ်မြို့များဖြစ်သည့် မြဝတီနှင့် တာချီလိတ်ဘက်သို့ ထိုင်းဘက်က ပြန်လည်လွှဲပြောင်းပေးလေ့ရှိခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - CNCMC

ဆက်စပ်သတင်းများ
ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား (၂၃)ဦးကို တာချီလိတ်သို့ လွှဲပြောင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net