တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီး ဆရာတော်၏ ကြွင်းကျန်ရစ်သည့် အရိုးဓာတ်တော်များဖြင့် စေတီတည်မည်

တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီး ဆရာတော်၏ ကြွင်းကျန်ရစ်သည့် အရိုးဓာတ်တော်များဖြင့် စေတီတည်မည်
နိုဝင်ဘာ 1, 2019
By Tachileik News Agency
တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီး ဆရာတော်၏ ကြွင်းကျန်ရစ်သည့် အရိုးဓာတ်တော်များဖြင့် စေတီတည်မည်
*************

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ၏ ကြွင်းကျန်ရစ်သည့် အရိုးဓာတ်တော်များကို ဌာပနာပြီး မဟာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိကျောင်းတိုက်အတွင်း စေတီတော်တစ်ဆူ တည်ထားနိုင်ရန်အတွက် စီစဉ်နေကြောင်း သိရသည်။

"ဆရာတော်ရဲ ကြွင်းကျန်ရစ်တဲ့ဓာတ်တော်တွေနဲ့ စေတီတည်ဖို့ စီစဉ်နေတယ်။ လောလောဆယ်မြေနေရာရွေးနေတုန်း။ မဟာမြတ်မုနိကျောင်းတိုက်ထဲမှာပဲတည်မှာ။ စေတီတည်မလား၊ ဗုဒ္ဓဂါယာပုံစံတည်မလား မသိသေးဘူး"ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို၂၀၁၉ ခုနှစ် အောက်တိုဘာ (၃၀) ရက်နေ့က မြို့မသုသာန်သစ်(ပုံလို့)တွင် ကျင်းပခဲ့ပြီး အောက်တိုဘာလ (၃၁)ရက်နေ့၌ ဆရာတော်၏ ကြွင်းကျန်ရစ်သည့်အရိုးဓာတ်တော်များကို ဝစီပိတ်ဆရာတော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် ဒါယိကာ၊ ဒါယိကာမများက ကောက်ယူကာ မဟာမြတ်မုနိကျောင်းတိုက်သို့ မနက် (၉) နာရီခွဲတွင် ပင့်ဆောင်လာခဲ့ကြောင်း သိရသည်။
မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့၊ ည(၉)နာရီ (၁၅)မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး ပျံလွန်တော်မူချိန်တွင် သက်တော်(၈၄)နှစ်၊ ဝါတော် (၆၁)ဝါ ရှိပြီဖြစ်သည်။

ဆရာတော်ကို တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ ဆီလီငေါ့ကျေးရွာတွင် ၁၉၃၆ ခုနှစ်၌ ဖွားမြင်ခဲ့ခြင်းဖြစ်ပြီး ငယ်နာမည်မှာ စိုင်းဖတ်ဖြစ်သည်။

စိုင်းဖတ်သည် အသက်(၁၁)နှစ်အရွယ်တွင် ယန်းခမ်းကျောင်းဆရာတော် အရှင်သောဘိတမထေရ်ထံ ရှင်သာမဏေအဖြစ်ဖြင့် သာသနာ့ဘောင် စတင်ဝင်ရောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၌ စတင်ဖွင့်လှစ်သည့် ဓမ္မောဒယပရိယတ္တိစာသင်တိုက်၏ စာချအဖွဲ့ခေါင်းဆောင်အဖြစ် သာသနာ့တာဝန်ထမ်းဆောင်ရင်း ၁၉၇၈ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့ ရဟန်းသက် (၁၈) ဝါ၌ ကျောင်းထိုင်ဆရာတော်အဖြစ် ကျောင်းအပ်နှံခံရခြင်းဖြစ်သည်။

ဆရာတော်အား ၁၉၇၈ ခုနှစ်တွင် သျှမ်းဂိုဏ်း ယွန်းဂိုဏ်းသံဃာတော်များနှင့် ဒကာဒကာမများက ယွန်းဂိုဏ်းသံဃာ၏ တတိယအဆင့်ဖြစ်သည့် ဆွာတိဘွဲ့တော်၊ ၁၉၉၆ ခုနှစ်တွင် သံဃသမဂ္ဂ သျှမ်းဂိုဏ်းသံဃာအဖွဲ့က နာယကဂိုဏ်းချုပ်ဘွဲ့၊ ၂၀၀၄ ခုနှစ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မြို့နယ်သံဃာ့နာယက(ရွှေကျင်)အဖြစ်နှင့် နိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တို့ကို ဆက်ကပ်ခဲ့ကြောင်း ၂၀၀၄ ခုနှစ်က ထုတ်ဝေထားသည့် သာသနာ့ရောင်ခြည် ဂုဏ်ပြုမှတ်တမ်းတွင် ဖေါ်ပြထားသည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီး ဆရာေတာ္၏ ၾကြင္းက်န္ရစ္သည့္ အရိုးဓာတ္ေတာ္မ်ားျဖင့္ ေစတီတည္မည္
*************

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိ၏ ႀကြင္းက်န္ရစ္သည့္ အရိုးဓာတ္ေတာ္မ်ားကို ဌာပနာၿပီး မဟာဟိုခမ္းရပ္ကြက္ရိွ မဟာျမတ္မုနိေက်ာင္းတိုက္အတြင္း ေစတီေတာ္တစ္ဆူ တည္ထားႏိုင္ရန္အတြက္ စီစဥ္ေနေၾကာင္း သိရသည္။

"ဆရာေတာ္ရဲ ၾကြင္းက်န္ရစ္တဲ့ဓာတ္ေတာ္ေတြနဲ႔ ေစတီတည္ဖို႔ စီစဥ္ေနတယ္။ ေလာေလာဆယ္ေျမေနရာေရြးေနတုန္း။ မဟာျမတ္မုနိေက်ာင္းတိုက္ထဲမွာပဲတည္မွာ။ ေစတီတည္မလား၊ ဗုဒၶဂါယာပံုစံတည္မလား မသိေသးဘူး"ဟု အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနကို၂၀၁၉ ခုနွစ္ ေအာက္တိုဘာ (၃၀) ရက္ေန႔က ၿမို႕မသုသာန္သစ္(ပံုလို႔)တြင္ က်င္းပခဲ့ၿပီး ေအာက္တိုဘာလ (၃၁)ရက္ေန႔၌ ဆရာေတာ္၏ ၾကြင္းက်န္ရစ္သည့္အရိုးဓာတ္ေတာ္မ်ားကို ၀စီပိတ္ဆရာေတာ္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀င္ စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္းႏွင့္ ဒါယိကာ၊ ဒါယိကာမမ်ားက ေကာက္ယူကာ မဟာျမတ္မုနိေက်ာင္းတိုက္သို႔ မနက္ (၉) နာရီခြဲတြင္ ပင့္ေဆာင္လာခဲ့ေၾကာင္း သိရသည္။
မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိသည္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ(၇)ရက္ေန႔၊ ည(၉)နာရီ (၁၅)မိနစ္အခ်ိန္တြင္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူခဲ့ျခင္းျဖစ္ၿပီး ပ်ံလြန္ေတာ္မူခ်ိန္တြင္ သက္ေတာ္(၈၄)ႏွစ္၊ ဝါေတာ္ (၆၁)ဝါ ရွိၿပီျဖစ္သည္။

ဆရာေတာ္ကို တာခ်ီလိတ္ၿမိဳ႕နယ္ မုိင္းကိုးေက်းရြာအုပ္စု၊ ဆီလီေငါ့ေက်းရြာတြင္ ၁၉၃၆ ခုႏွစ္၌ ဖြားျမင္ခဲ့ျခင္းျဖစ္ၿပီး ငယ္နာမည္မွာ စိုင္းဖတ္ျဖစ္သည္။

စိုင္းဖတ္သည္ အသက္(၁၁)ႏွစ္အရြယ္တြင္ ယန္းခမ္းေက်ာင္းဆရာေတာ္ အရွင္ေသာဘိတမေထရ္ထံ ရွင္သာမေဏအျဖစ္ျဖင့္ သာသနာ့ေဘာင္ စတင္ဝင္ေရာက္ခဲ့ၿပီး ၁၉၆၈ ခုႏွစ္တြင္ တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္၌ စတင္ဖြင့္လွစ္သည့္ ဓေမၼာဒယပရိယတၱိစာသင္တုိက္၏ စာခ်အဖြဲ႕ေခါင္းေဆာင္အျဖစ္ သာသနာ့တာဝန္ထမ္းေဆာင္ရင္း ၁၉၇၈ ခုႏွစ္၊ ဧၿပီလ (၃)ရက္ေန႔ ရဟန္းသက္ (၁၈) ဝါ၌ ေက်ာင္းထုိင္ဆရာေတာ္အျဖစ္ ေက်ာင္းအပ္ႏွံခံရျခင္းျဖစ္သည္။

ဆရာေတာ္အား ၁၉၇၈ ခုႏွစ္တြင္ သွ်မ္းဂိုဏ္း ယြန္းဂိုဏ္းသံဃာေတာ္မ်ားႏွင့္ ဒကာဒကာမမ်ားက ယြန္းဂိုဏ္းသံဃာ၏ တတိယအဆင့္ျဖစ္သည့္ ဆြာတိဘြဲ႕ေတာ္၊ ၁၉၉၆ ခုႏွစ္တြင္ သံဃသမဂၢ သွ်မ္းဂိုဏ္းသံဃာအဖြဲ႕က နာယကဂိုဏ္းခ်ုပ္ဘြဲ႔၊ ၂၀၀၄ ခုႏွစ္တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္ ၿမိဳ႕နယ္သံဃာ့နာယက(ေရႊက်င္)အျဖစ္ႏွင့္ ႏိုင္ငံေတာ္အစိုးရ သာသနာေရးဝန္ႀကီးဌာနက အဂၢမဟာသဒၶမၼေဇာတိကဓဇဘြဲ႕တို႔ကို ဆက္ကပ္ခဲ့ေၾကာင္း ၂၀၀၄ ခုႏွစ္က ထုတ္ေဝထားသည့္ သာသနာ့ေရာင္ျခည္ ဂုဏ္ျပဳမွတ္တမ္းတြင္ ေဖၚျပထားသည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net