ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရ၍ ယာယီပိတ်ထားသည့် လားရှိုးလေဆိပ် ပြန်လည်ဖွင့်လှစ်ပြီ

ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရ၍ ယာယီပိတ်ထားသည့် လားရှိုးလေဆိပ် ပြန်လည်ဖွင့်လှစ်ပြီ
နိုဝင်ဘာ 17, 2019
By 🌸

ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရ၍ ယာယီပိတ်ထားသည့် လားရှိုးလေဆိပ် ပြန်လည်ဖွင့်လှစ်ပြီ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် လေဆိပ်ကို ယာယီပိတ်ထားရာမှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့၌ ပုံမှန်အတိုင်း လေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

“လေဆိပ်က ဒီမနက်မှာ ပြန်ဖွင့်ထားပါတယ်။ လေကြောင်းလိုင်းတွေလည်း အကုန်လုံးပြန်ပြီး စတင်ပြေးဆွဲသွားမယ်လို့ သိရပါတယ်။ မနေ့က ထိခိုက်မှုဖြစ်တဲ့ လေယာဉ်ပြေးလမ်းကိုလည်း အနည်းငယ် ထိခိုက်ခဲ့လို့ မနေ့ကပဲ ချက်ချင်း ပြန်ဖာထေး ပြင်ဆင်ထားပါတယ်”ဟု လားရှိုးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက တာချီလိတ် သတင်းအေဂျင်စီသို့  ပြောသည်။

လားရှိုးမြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့ နံနက်ပိုင်းက လူနေရပ်ကွက်နှင့် လေယာဉ်ကွင်းအတွင်း ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခံရမှုကြောင့် လေယာဉ်ကွင်းကို ယာယီပိတ်ထားခဲ့ရခြင်းဖြစ်သည်။

လားရှိုးလေဆိပ်မှနေ၍ တာချီလိတ်၊ ဟဲဟိုး၊ မန္တလေးနှင့် ရန်ကုန်မြို့များသို့ လေကြောင်းပျံသန်းပြေးဆွဲနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net