လွိုင်လင်တွင် ဇနီးဖြစ်သူအား ဓါးစာခံလုပ်ကာ ရဲတပ်ဖွဲ့ကိုခုခံသည့် တရားခံပြေးအား ပစ်ခတ်ဖမ်းဆီး

လွိုင်လင်တွင် ဇနီးဖြစ်သူအား ဓါးစာခံလုပ်ကာ ရဲတပ်ဖွဲ့ကိုခုခံသည့် တရားခံပြေးအား ပစ်ခတ်ဖမ်းဆီး
နိုဝင်ဘာ 12, 2019
By 🌸


လွိုင်လင်တွင် ဇနီးဖြစ်သူအား ဓါးစာခံလုပ်ကာ ရဲတပ်ဖွဲ့ကိုခုခံသည့် တရားခံပြေးအား ပစ်ခတ်ဖမ်းဆီး

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့တွင် တရားခံပြေးတစ်ဦးက ဇနီးဖြစ်သူအား ဓါးစာခံလုပ်ကာ လာရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ကို ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးလိုက်ရပြီး ၎င်းထံမှ စိတ်ကြွဆေးပြားအချို့ကိုပါ ဖမ်းဆီးရမိကြောင်း သိရသည်။

လွိုင်လင်မြို့မရဲစခန်းမှ အလိုရှိနေသည့် တရားခံပြေး စိုင်းဇိနသည် ပန်ခေါက်ဝိုးကျေးရွာနေအိမ် ရောက်ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့ နေ့လယ် (၂)နာရီဝန်းကျင်တွင် သွားရောက်ဖမ်းဆီးရာ စိုင်းဇိနက အဖမ်းမခံဘဲ ဇနီးဖြစ်သူ၏ လည်ပင်းကို ဓါးဖြင့်ထောက်ထားကာ ရဲတပ်ဖွဲ့ကို ခုခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ချအဖမ်းခံရန် ရဲတပ်ဖွဲ့က ဖြောင်းဖျပြောဆိုနေစဉ် ဇနီးဖြစ်သူ နန်းရွှေဝါက ရုန်းကန်ထွက်ပြေးသွားရာ စိုင်းဇိနက ဓါးဖြင့်ခုတ်၍ နန်းရွှေဝါတွင် မျက်နှာနှင့် ရင်ဘတ်တို့၌ ဓါးဒဏ်ရာများ ရသွားကြောင်း သိရသည်။

စိုင်းဇိနက ရဲတပ်ဖွဲ့ကို ဆက်လက်ရန်ပြုနေသဖြင့် သတိပေးပစ်ခတ်ဖမ်းဆီးရာ မျက်နှာနှင့် ရင်ဘတ်တို့တွင် ပေါက်ပြဲဒဏ်ရာအချို့ရသွားပြီး ဖမ်းဆီးမိခဲ့ကာ ၎င်း၏ အကျီ ၤအိတ်အတွင်းမှ စိတ်ကြွဆေးပြား (၁၁၈)ပြားကိုပါ ဖမ်းမိကြောင်း သိရသည်။

စိုင်းဇိနမှာ  လွိုင်လင်မြို့မရဲစခန်းတွင် (ပ) ၉၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၅၂/၅၀၆/၄၂၇ အမှုမှ ထွက်ပြေးနေသူဖြစ်ကြောင်း သိရသည်။

ရာဇသတ်ကြီးပုဒ်မ  ၄၅၂ မှာ နာကျင်စေမှု၊ လက်ရောက်မှု၊ ကျူးလွန်ရန်ပြင်ဆင်၍ အိမ်ကျော်နင်းမှုကြောင့် စွဲဆိုခံရသည့် ပုဒ်မဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net