တာချီလိတ် ပထမဆုံးအကြိမ် ကျင်းပမည့် တန်ဆောင်တိုင်ပွဲတော်အတွက် ရှမ်းရိုးမကွင်းအတွင်း မီးပုံးများ စမ်းသပ်စစ်ဆေး

တာချီလိတ် ပထမဆုံးအကြိမ် ကျင်းပမည့် တန်ဆောင်တိုင်ပွဲတော်အတွက် ရှမ်းရိုးမကွင်းအတွင်း မီးပုံးများ စမ်းသပ်စစ်ဆေး
နိုဝင်ဘာ 3, 2019
By 🌸
တာချီလိတ် ပထမဆုံးအကြိမ် ကျင်းပမည့် တန်ဆောင်တိုင်ပွဲတော်အတွက် ရှမ်းရိုးမကွင်းအတွင်း မီးပုံးများ စမ်းသပ်စစ်ဆေး
*********
မြန်မာ - ထိုင်းနယ်စပ်ဒေသဖြစ်သည့် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တာချီလိတ်မြို့တွင် ဒေသခံပြည်သူများနှင့် အသင်းအဖွဲ့များ စုပေါင်းပါဝင်ကာ ပထမဆုံးအကြိမ်အဖြစ်ကျင်းပကြမည့် တာချီလိတ် တန်ဆောင်တိုင်ပွဲတော် ကြိုတင်ပြင်ဆင်ခြင်းအဖြစ် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့က ရှမ်းရိုးမကွင်းအတွင်း မီးပုံးပျံများ စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်ကြသည်။

တာချီလိတ်တန်ဆောင်တိုင် မီးပုံးပျံပွဲတွင် လက်ရှိအချိန်ထိ နေ့လွှတ်အရုပ် (၂၅) ရုပ်၊ ညမီးကြီး (၄) လုံးလွှတ်တင်ရန် စာရင်းရရှိထားပြီး စာရင်းဆက်လက်ပေးသွင်းနိုင်ကြောင်း သိရသည်။
"တောင်ကြီးက အဖွဲ့တွေလည်း လာဖို့ရှိတယ်။ သူတို့ကအနီးကပ်မှ လာမယ်။ သူတို့နဲ့ပါလာမယ့် မီးပုံးပျံတွေလည်း ရှိတယ်။ ညမီးကြီးအတွက်က ယမ်းအချိန် (၂၀၊ ၂၅) လောက်ပဲသုံးမှာ။ အန္တရာယ်ကင်းအောင်လို့။ တောင်ကြီးပွဲမှာဆို အချိန် (၄၀) လောက်သုံးတာပေါ့"ဟု မီးပုံးပျံဖြစ်မြောက်ရေးအဖွဲ့မှ ကိုကျော်ဇော်လင်း(ကိုကြီး)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တန်ဆောင်တိုင် မီးပုံးပျံပွဲတွင်လွှတ်တင်မည့် မီးပုံးပျံကြီး (၂) လုံးကို မီးခိုးမှိုင်းဖြင့် စမ်းသပ်မှုကို နိုဝင်ဘာ (၃) ရက်နေ့ နေ့လယ် (၂) နာရီက ရှမ်းရိုးမကွင်းအတွင်း လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
တာချီလိတ် တန်ဆောင်တိုင်ပွဲတော်ကျင်းပခြင်းဖြင့် တစ်ဖက်နိုင်ငံမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရေး ဆွဲဆောင်နိုင်ရန် ရည်ရွယ်ချက်အပြင် မီးပုံးပျံလွှတ်တင်ပူဇော်သည့် ရိုးရာအစဉ်အလာအား ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် နှစ်စဉ်ကျင်းပနိုင်ရေး ကြိုးပမ်းသွားမည်ဟု သိရသည်။

မီးပုံပျံလွှတ်တင်မည့်နေရာကို နိုဝင်ဘာလ (၄)ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်ကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ -ဇွဲမြတ်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ ပထမဆံုးအႀကိမ္ က်င္းပမည့္ တန္ေဆာင္တိုင္ပြဲေတာ္အတြက္ ရွမ္းရိုးမကြင္းအတြင္း မီးပံုးမ်ား စမ္းသပ္စစ္ေဆး
*********

ျမန္မာ - ထိုင္းနယ္စပ္ေဒသျဖစ္သည့္ ရွမ္းျပည္နယ္ အေရွ႕ပိုင္းရိွ တာခ်ီလိတ္ၿမို႕တြင္ ေဒသခံျပည္သူမ်ားႏွင့္ အသင္းအဖြဲ႔မ်ား စုေပါင္းပါဝင္ကာ ပထမဆံုးအႀကိမ္အျဖစ္က်င္းပၾကမည့္ တာခ်ီလိတ္ တန္ေဆာင္တိုင္ပြဲေတာ္ ႀကိဳတင္ျပင္ဆင္ျခင္းအျဖစ္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၃) ရက္ေန႔က ရွမ္းရိုးမကြင္းအတြင္း မီးပံုးပ်ံမ်ား စမ္းသပ္စစ္ေဆးမႈ လုပ္ေဆာင္ၾကသည္။

တာခ်ီလိတ္တန္ေဆာင္တိုင္ မီးပံုးပ်ံပြဲတြင္ လက္ရိွအခ်ိန္ထိ ေန႔လႊတ္အရုပ္ (၂၅) ရုပ္၊ ညမီးႀကီး (၄) လံုးလႊတ္တင္ရန္ စာရင္းရရိွထားၿပီး စာရင္းဆက္လက္ေပးသြင္းနိုင္ေၾကာင္း သိရသည္။

"ေတာင္ႀကီးက အဖြဲ႕ေတြလည္း လာဖို႔ရိွတယ္။ သူတို႔ကအနီးကပ္မွ လာမယ္။ သူတို႔နဲ႔ပါလာမယ့္ မီးပံုးပ်ံေတြလည္း ရိွတယ္။ ညမီးႀကီးအတြက္က ယမ္းအခ်ိန္ (၂၀၊ ၂၅) ေလာက္ပဲသံုးမွာ။ အႏၱရာယ္ကင္းေအာင္လို႔။ ေတာင္ႀကီးပြဲမွာဆို အခ်ိန္ (၄၀) ေလာက္သံုးတာေပါ့"ဟု မီးပံုးပ်ံျဖစ္ေျမာက္ေရးအဖြဲ႔မွ ကိုေက်ာ္ေဇာ္လင္း(ကိုႀကီး)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္တန္ေဆာင္တိုင္ မီးပံုးပ်ံပြဲတြင္လႊတ္တင္မည့္ မီးပံုးပ်ံႀကီး (၂) လံုးကို မီးခိုးမိႈင္းျဖင့္ စမ္းသပ္မႈကို ႏိုဝင္ဘာ (၃) ရက္ေန႔ ေန႔လယ္ (၂) နာရီက ရွမ္းရိုးမကြင္းအတြင္း လုပ္ေဆာင္ခဲ့ၾကျခင္းျဖစ္သည္။

တာခ်ီလိတ္ တန္ေဆာင္တုိင္ပြဲေတာ္က်င္းပျခင္းျဖင့္ တစ္ဖက္ႏုိင္ငံမွ ခရီးသြားဧည့္သည္မ်ား လာေရာက္လည္ပတ္ေရး ဆြဲေဆာင္ႏုိင္ရန္ ရည္ရြယ္ခ်က္အျပင္ မီးပံုးပ်ံလႊတ္တင္ပူေဇာ္သည့္ ရိုးရာအစဥ္အလာအား ထိန္းသိမ္းေစာင့္ေရွာက္သည့္အေနျဖင့္ ႏွစ္စဥ္က်င္းပႏုိင္ေရး ႀကိဳးပမ္းသြားမည္ဟု သိရသည္။

မီးပံုပ်ံလႊတ္တင္မည့္ေနရာကို ႏိုဝင္ဘာလ (၄)ရက္ေန႔ အစည္းအေဝးတြင္ ဆံုးျဖတ္ၾကမည္ျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency
သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု -ဇြဲျမတ္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net