မိုင်းခုတ်မြို့၌ ဖားအီပြည်သူ့စစ်အဖွဲ့ဝင် နေအိမ်မီးလောင်မှုကြောင့် နေအိမ်နှင့် ကာဘိုင်သေနတ်(၂)လက် မီးလောင်ဆုံးရှုံး

မိုင်းခုတ်မြို့၌ ဖားအီပြည်သူ့စစ်အဖွဲ့ဝင် နေအိမ်မီးလောင်မှုကြောင့် နေအိမ်နှင့် ကာဘိုင်သေနတ်(၂)လက် မီးလောင်ဆုံးရှုံး
နိုဝင်ဘာ 3, 2019
By 🌸
မိုင်းခုတ်မြို့၌ ဖားအီပြည်သူ့စစ်အဖွဲ့ဝင် နေအိမ်မီးလောင်မှုကြောင့် နေအိမ်နှင့် ကာဘိုင်သေနတ်(၂)လက် မီးလောင်ဆုံးရှုံး
*********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ ဖားအီကျေးရွာ၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့  နေ့လယ် (၁) နာရီကျော်ဝန်းကျင်က ဖားအီပြည်သူ့စစ်အဖွဲ့ဝင်၏နေအိမ် မီးလောင်မှုကြောင့် နေအိမ်တစ်လုံးနှင့်အတူ ကာဘိုင်သေနတ်(၂)လက်တို့ မီးလောင်ဆုံးရှုံးသွားသည်။

ဖားအီကျေးရွာနေ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်၊ ဦးကျထော်(ဘ)ဦးကျဂဲ၏ (၃၀ x ၂၀)ပေ နှစ်ထပ် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာနေအိမ်မှာ နေ့လယ် (၁)နာရီ (၁၀)မိနစ်ဝန်းကျင်တွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး လွယ်ဆောင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်(၆)ဦးနှင့် ဒေသခံ ပြည်သူများ ဝိုင်းငြိမ်းသတ်မှုကြောင့် နေ့လယ် (၁) နာရီ (၅၀) မိနစ်ခန့်တွင် မီးငြိမ်းသွားခြင်းဖြစ်သည်။

မီးလောင်သည့်အကြောင်းရင်းအား စစ်ဆေးရာ နေအိမ်အပေါ်ထပ်၌ အထိုင်ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး  စတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု သိရသည်။

မီးလောင်မှုကြောင့် နေအိမ်တစ်လုံးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ တပ်မတော်မှ လွယ်ဆောင်ကျေးရွာ ဌာနေပြည်သူ့စစ်အဖွဲ့သို့ ထုတ်ပေးထားသည့် ကာဘိုင်သေနတ်(၂)လက်တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တရိစ္ဆာန် ထိခိုက် ဆုံးရှုံးမှုမရှိကြောင်းနှင့် မီးဘေးသင့်ပြည်သူများအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တနေရာချထားပေးခဲ့ကြောင်း သိရသည်။

နေအိမ်မီးလောင်မှုကြောင့် အိမ်ရှင်ဖြစ်သူ အသက် (၆၀)အရွယ် ဦးကျထော်အား မိုင်းခုတ်မြို့နယ်မြေရဲစခန်း တွင် (ပ)၁၃/၂၀၁၉၊ ရာဇသတ်ကြီးဉပဒပုဒ်မ၊ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #သန်းဇော်(မိုင်းဆတ်)
ဓါတ်ပုံ - သန်းဇော်၊ စိုင်းခမ်းပူး

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
မိုင္းခုတ္ၿမိဳ႕၌ ဖားအီျပည္သူ႔စစ္အဖြဲ႕ဝင္ ေနအိမ္မီးေလာင္မႈေၾကာင့္ ေနအိမ္ႏွင့္ ကာဘိုင္ေသနတ္(၂)လက္ မီးေလာင္ဆုံးရႈံး
*********

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ၿမိဳ႕နယ္၊ မိုင္းခုတ္ၿမိဳ႕၊ လြယ္ေဆာင္ေက်း႐ြာအုပ္စု၊ ဖားအီေက်း႐ြာ၌ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၂) ရက္ေန႔  ေန႔လယ္ (၁) နာရီေက်ာ္ဝန္းက်င္က ဖားအီျပည္သူ႔စစ္အဖြဲ႕ဝင္၏ေနအိမ္ မီးေလာင္မႈေၾကာင့္ ေနအိမ္တစ္လုံးႏွင့္အတူ ကာဘိုင္ေသနတ္(၂)လက္တို႔ မီးေလာင္ဆုံးရႈံးသြားသည္။

ဖားအီေက်း႐ြာေန ဌာေနျပည္သူ႔စစ္အဖြဲ႕ဝင္၊ ဦးက်ေထာ္(ဘ)ဦးက်ဂဲ၏ (၃၀ x ၂၀)ေပ ႏွစ္ထပ္ သြပ္မိုး၊ ပ်ဥ္ခင္း၊ ပ်ဥ္ကာေနအိမ္မွာ ေန႔လယ္ (၁)နာရီ (၁၀)မိနစ္ဝန္းက်င္တြင္ မီးစတင္ေလာင္ကၽြမ္းျခင္းျဖစ္ၿပီး လြယ္ေဆာင္မီးသတ္စခန္းမွ မီးသတ္တပ္ဖြဲ႕ဝင္(၆)ဦးႏွင့္ ေဒသခံ ျပည္သူမ်ား ဝိုင္းၿငိမ္းသတ္မႈေၾကာင့္ ေန႔လယ္ (၁) နာရီ (၅၀) မိနစ္ခန႔္တြင္ မီးၿငိမ္းသြားျခင္းျဖစ္သည္။

မီးေလာင္သည့္အေၾကာင္းရင္းအား စစ္ေဆးရာ ေနအိမ္အေပၚထပ္၌ အထိုင္ဖုန္းအားသြင္းထားရာမွ အပူလြန္ကဲၿပီး  စတင္ေလာင္ကၽြမ္းျခင္းျဖစ္သည္ဟု သိရသည္။

မီးေလာင္မႈေၾကာင့္ ေနအိမ္တစ္လုံးႏွင့္ အိမ္အသုံးအေဆာင္ပစၥည္းမ်ားႏွင့္အတူ တပ္မေတာ္မွ လြယ္ေဆာင္ေက်း႐ြာ ဌာေနျပည္သူ႔စစ္အဖြဲ႕သို႔ ထုတ္ေပးထားသည့္ ကာဘိုင္ေသနတ္(၂)လက္တို႔ မီးေလာင္ဆုံးရႈံးခဲ့ၿပီး လူႏွင့္တရိစာၦန္ ထိခိုက္ ဆုံးရႈံးမႈမရွိေၾကာင္းႏွင့္ မီးေဘးသင့္ျပည္သူမ်ားအား နီးစပ္ရာေဆြမ်ိဳးမ်ားေနအိမ္တြင္ ေခတၱေနရာခ်ထားေပးခဲ့ေၾကာင္း သိရသည္။

ေနအိမ္မီးေလာင္မႈေၾကာင့္ အိမ္ရွင္ျဖစ္သူ အသက္ (၆၀)အရြယ္ ဦးက်ေထာ္အား မိုင္းခုတ္ၿမိဳ႕နယ္ေျမရဲစခန္း တြင္ (ပ)၁၃/၂၀၁၉၊ ရာဇသတ္ႀကီးဉပဒပုဒ္မ၊ ၂၈၅ ျဖင့္ အမႈဖြင့္အေရးယူထားၿပီး ဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #သန္းေဇာ္(မိုင္းဆတ္)
ဓါတ္ပံု - သန္းေဇာ္၊ စိုင္းခမ္းပူး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net