ကျိုင်းတုံမြို့တွင်းသို့ စိတ်ကြွဆေးပြား ၁၉၀၀ သယ်လာသည့် လူငယ်တစ်ဦးကို ရဲကင်းစခန်းရှေ့တွင် ဖမ်းမိ

ကျိုင်းတုံမြို့တွင်းသို့ စိတ်ကြွဆေးပြား ၁၉၀၀ သယ်လာသည့် လူငယ်တစ်ဦးကို ရဲကင်းစခန်းရှေ့တွင် ဖမ်းမိ
နိုဝင်ဘာ 3, 2019
By 🌸
ကျိုင်းတုံမြို့တွင်းသို့ စိတ်ကြွဆေးပြား ၁၉၀၀ သယ်လာသည့် လူငယ်တစ်ဦးကို ရဲကင်းစခန်းရှေ့တွင် ဖမ်းမိ
********

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ နောင်ဖာရဲကင်းရဲကင်းစခန်းရှေ့၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်က ကျိုင်းတုံမြို့တွင်းသို့ စိတ်ကြွဆေးပြား (၁၉၀၀)ပြား သယ်လာသည့် လူငယ်တစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းခတ် သွားကားလမ်း၊ နောင်ဖာရဲကင်းစခန်းရှေ့တွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် ယန်းလောကျေးရွာဘက်မှ ကျိုင်းတုံမြို့ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အသက် (၂၃)နှစ်အရွယ် မျိုးဟိန်းအား စစ်ဆေးရာ ဆိုင်ကယ်၌ ဝှက်၍သယ်လာသည့် စိတ်ကြွဆေးပြား (၁၉၀၀)ပြားကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

မျိုးဟိန်းကို ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်ခရိုင်တို့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေး အမှုများတွင် ထက်ဝက်ခန့်မှာ လူငယ်များပါဝင်နေပြီး ယင်းတို့အနက် အသက် (၁၈)နှစ်အောက် ကလေးငယ် (၅)ဦးပါဝင်သည်ဟု ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ (၂၄)ရက်နေ့အထိရရှိသည့် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ (ကျိုင်းတုံ)၏ စာရင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

Tachileik News Agency
ဓါတ်ပုံ - CCDAC

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
က်ိဳင္းတံုၿမိဳ႕တြင္းသို႔ စိတ္ၾကြေဆးျပား ၁၉၀၀ သယ္လာသည့္ လူငယ္တစ္ဦးကို ရဲကင္းစခန္းေရွ႕တြင္ ဖမ္းမိ
********

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္၊ ေနာင္ဖာရဲကင္းရဲကင္းစခန္းေရွ႕၌ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၂)ရက္ေန႔ ညေန (၅)နာရီဝန္းက်င္က က်ိဳင္းတံုၿမိဳ႕တြင္းသို႔ စိတ္ၾကြေဆးျပား (၁၉၀၀)ျပား သယ္လာသည့္ လူငယ္တစ္ဦးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔စု(၂၈)က်ိဳင္းတံုမွ တပ္ဖြဲ႔ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႔သည္ က်ိဳင္းတံုၿမိဳ႕နယ္၊ က်ိဳင္းတံု-မိုင္းခတ္ သြားကားလမ္း၊ ေနာင္ဖာရဲကင္းစခန္းေရွ႕တြင္ ေမာ္ေတာ္ယာဥ္မ်ားအား ရွာေဖြစစ္ေဆးေနစဥ္ ယန္းေလာေက်းရြာဘက္မွ က်ိဳင္းတံုၿမိဳ႕ဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အသက္ (၂၃)ႏွစ္အရြယ္ မ်ိဳးဟိန္းအား စစ္ေဆးရာ ဆိုင္ကယ္၌ ဝွက္၍သယ္လာသည့္ စိတ္ၾကြေဆးျပား (၁၉၀၀)ျပားကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

မ်ိဳးဟိန္းကို က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံု၊ တာခ်ီလိတ္ႏွင့္ မိုင္းဆတ္ခရိုင္တို႔တြင္ ဖမ္းဆီးရမိသည့္ မူးယစ္ေဆး အမႈမ်ားတြင္ ထက္ဝက္ခန္႔မွာ လူငယ္မ်ားပါဝင္ေနၿပီး ယင္းတို႔အနက္ အသက္ (၁၈)ႏွစ္ေအာက္ ကေလးငယ္ (၅)ဦးပါဝင္သည္ဟု ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလမွ စက္တင္ဘာလ (၂၄)ရက္ေန႔အထိရရိွသည့္ ျပည္နယ္ဒုတိယရဲတပ္ဖြဲ႕ (က်ိဳင္းတုံ)၏ စာရင္းႏွင့္ လူမႈဝန္ထမ္းဦးစီးဌာန၏ စာရင္းမ်ားအရ သိရသည္။

Tachileik News Agency
ဓါတ္ပံု - CCDAC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net