တာချီလိတ်ရွှေတိဂုံတွင် သံဃာအပါး (၃၅၀) ကို မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူမည်

တာချီလိတ်ရွှေတိဂုံတွင် သံဃာအပါး (၃၅၀) ကို မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူမည်
နိုဝင်ဘာ 3, 2019
By 🌸
တာချီလိတ်ရွှေတိဂုံတွင် သံဃာအပါး (၃၅၀) ကို မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူမည်
*******

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့ နံနက် (၆) နာရီ၌ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူမည်ဖြစ်ကြောင်း သိရသည်။

"မနက် (၅) နာရီမှာ ဆွမ်းကပ်မယ်။ တရားနာမယ်။ ရေစက်ချမယ်။ (၆) နာရီလောက်မှာ ဆွမ်းဆန်စိမ်း လောင်းမယ်။ ဌာနဆိုင်ရာတွေနဲ့ အသင်းအဖွဲ့တွေအတွက် ခုံတွေစီစဉ်ပေးထားတယ်။ ပြည်သူတွေအနေနဲ့က ပစ္စည်းတင်ဖို့ ကိုယ့်ခုံကိုယ်ယူလာရမှာပေါ့"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆွမ်းဆန်စိမ်းလောင်းလှူလိုသူများအနေဖြင့် လှူဖွယ်ပစ္စည်းများတင်ရန် ခုံများလိုအပ်ပါက စေတီ ရင်ပြင်တော်တွင် နံနက် (၅)နာရီမှစ၍ ဆွမ်းလောင်းလှူရန် ခုံများလာရောက်ချထားပြင်ဆင်နိုင်ကြောင်း သိရသည်။

မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနေ့မတိုင်မီ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ရွှေတိဂုံစေတီတော်ရင်ပြင်တွင် သန့်ရှင်းရေးပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ေရႊတိဂံုတြင္ သံဃာအပါး (၃၅၀) ကို ၿမိဳ႕နယ္လံုးကၽြတ္ ဆြမ္းဆန္စိမ္းေလာင္းလွဴမည္
*******

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ေရႊတိဂံုေစတီေတာ္ရင္ျပင္တြင္ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ (၁၀) ရက္ေန႔ နံနက္ (၆) နာရီ၌ ၿမိဳ႕နယ္လံုးကၽြတ္ ဆြမ္းဆန္စိမ္းေလာင္းလွဴမည္ျဖစ္ေၾကာင္း သိရသည္။

"မနက္ (၅) နာရီမွာ ဆြမ္းကပ္မယ္။ တရားနာမယ္။ ေရစက္ခ်မယ္။ (၆) နာရီေလာက္မွာ ဆြမ္းဆန္စိမ္း ေလာင္းမယ္။ ဌာနဆိုင္ရာေတြနဲ႔ အသင္းအဖြဲ႕ေတြအတြက္ ခံုေတြစီစဥ္ေပးထားတယ္။ ျပည္သူေတြအေနနဲ႔က ပစၥည္းတင္ဖို႔ ကိုယ့္ခံုကိုယ္ယူလာရမွာေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆြမ္းဆန္စိမ္းေလာင္းလွဴလိုသူမ်ားအေနျဖင့္ လွဴဖြယ္ပစၥည္းမ်ားတင္ရန္ ခံုမ်ားလုိအပ္ပါက ေစတီ ရင္ျပင္ေတာ္တြင္ နံနက္ (၅)နာရီမွစ၍ ဆြမ္းေလာင္းလွဴရန္ ခံုမ်ားလာေရာက္ခ်ထားျပင္ဆင္ႏုိင္ေၾကာင္း သိရသည္။

ၿမိဳ႕နယ္လုံးကြၽတ္ ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲေန႔မတိုင္မီ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားက ေရႊတိဂံုေစတီေတာ္ရင္ျပင္တြင္ သန္႔ရွင္းေရးျပဳလုပ္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net