တာချီလိတ်မြို့ ပုန်းထွန်မှ လွယ်တော်ခမ်းသွားရာလမ်းပေါ်တွင် စိတ်ကြွဆေးပြား ဖမ်းမိ

တာချီလိတ်မြို့ ပုန်းထွန်မှ လွယ်တော်ခမ်းသွားရာလမ်းပေါ်တွင် စိတ်ကြွဆေးပြား ဖမ်းမိ
နိုဝင်ဘာ 8, 2019
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်မှ လွယ်တော်ခမ်းသို့ သွားရာ ပုန်းထွန်ကားဂိတ်အနီးတွင် အမျိုးသားတစ်ဦးထံက စိတ်ကြွဆေးပြား (၂၀၀၀၀)ကို တွေ့ရှိသိမ်းဆည်းရမိ၍ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်မှ လွယ်တော်ခမ်းကျေးရွာအုပ်စုသို့ သွားရာလမ်းပေါ် ပုန်းထွန်ကားဂိတ်အနီးတွင် ဆိုင်ကယ်မောင်းလာသည့် အသက်(၁၉)နှစ်အရွယ်ရှိ ဖီလူဆိုသူအား မူးယစ်ဆေးဝါးသတင်းအရ ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့ ည(၉)နာရီကျော်ဝန်းကျင်က ရဲတပ်ဖွဲ့က စစ်ဆေးရာမှ ဆိုင်ကယ်လက်ကိုင်တွင် ချိတ်ဆွဲထားသည့် အိတ်အတွင်းက Wy စာတမ်းပါ စိတ်ကြွဆေးပြား (၂၀၀၀၀)ပြားကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့်၎င်းအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၄၁/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net