ICJ တွင် တရားစွဲဆိုခံထားရသည့် မြန်မာအစိုးရနှင့် ပတ်သက်၍ UWSA သဘောထား ထုတ်ပြန်

ICJ တွင် တရားစွဲဆိုခံထားရသည့် မြန်မာအစိုးရနှင့် ပတ်သက်၍ UWSA သဘောထား ထုတ်ပြန်
နိုဝင်ဘာ 30, 2019
By Tachileik News Agency

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုအပေါ် မြန်မာအစိုးရ၏ ရပ်တည်ချက်ကို UWSA ထောက်ခံကြောင်း ထုတ်ပြန်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုအပေါ် မြန်မာအစိုးရ၏ သဘောထား ရပ်တည်ချက်ကို UWSA အနေဖြင့် ထောက်ခံကြောင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့ နေ့စွဲဖြင့် သဘောထားကြေညာချက် ထုတ်ပြန်လာသည်။

“ဝ”ပြည်နယ်အနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပဋိပက္ခကို တရားမျှတမှုမရှိသော မည်သည့်ဖြေရှင်း ဆောင်ရွက်ချက်မဆို ကန့်ကွက်ပါသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

သက်ဆိုင်ရာများမှ ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုသည့်ဆန္ဒဖြင့် အတူတကွပူးပေါင်းကြိုးပမ်းသွားလျှင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကို ပြေလည်စွာဖြေရှင်းနိုင်မည်ဖြစ်ကြောင်း “ဝ”ပြည်နယ်အနေဖြင့် ယုံကြည်ကြောင်း ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို တုန့်ပြန်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး  နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာကိစ္စများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့(SUICJ)ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်သည်။

နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့( Special Unit on International Criminal Justice ) ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးဆောင်မည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေရုံးချုပ်နှင့် စစ်ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအား တရားစွဲဆိုထားသည့်အမှုကို နယ်သာလန်နိုင်ငံ၊ The Hague မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့မှ ဒီဇင်ဘာလ (၁၂) ရက်နေ့အထိ စစ်ဆေးမည်ဖြစ်သည်။

Tachileik News Agency

ဆက်စပ်သတင်း




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~