မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် ကွယ်လွန်

မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် ကွယ်လွန်
နိုဝင်ဘာ 4, 2019
By Tachileik News Agency
မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် ကွယ်လွန်

မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့ ည(၆) နာရီ (၅၇) မိနစ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း မိသားစုဝင်များက သတင်းထုတ်ပြန်လာသည်။

ဒေါက်တာထွန်းလွင်သည် ရန်ကုန်မြို့ Grand Hantha ဆေးရုံတွင် ကုသမှုခံယူနေစဉ်အတွင်း ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာထွန်းလွင်ကွယ်လွန်ချိန်တွင် အသက် (၇၁)နှစ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်မူမူသန်းနှင့် သားသမီး (၃)ဦး ကျန်ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာထွန်းလွင်သည် အသက် (၁၇)နှစ်အရွယ်ကတည်းက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတွင အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ဒုတိယညွှန်ကြားရေးမှူးတာဝန်မှ ညွှန်ကြားရေးမှူးချုပ်တာဝန်သို့ တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာထွန်းလွင်သည် ၂၀၀၉ ခုနှစ် အသက် (၄၄)နှစ်အရွယ်တွင် အလုပ်မှ အနားယူခဲ့သော်လည်း မိုးလေဝသခန့်မှန်းခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေသည့်အပြင် မြန်မာ့ရာသီဥတုပြောင်းလဲခြင်းစောင့်ကြည်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နခြေင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~






ဒေါက်တာထွန်းလွင်သည် ၂၀၀၉ ခုနှစ် အသက် (၄၄)နှစ်အရွယ်တွင် အလုပ်မှ အနားယူခဲ့သော်လည်း မိုးလေဝသခန့်မှန်းခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေသည့်အပြင် မြန်မာ့ရာသီဥတုပြောင်းလဲခြင်းစောင့်ကြည်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net