တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ စတင်ဖွင့်လှစ်သည့်နေ့တွင် နေ့လွှတ်အရုပ် (၃၀)နှင့် ညမီးကြီးစိန်နားပန် (၁၀)လုံး ယှဉ်ပြိုင်

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ စတင်ဖွင့်လှစ်သည့်နေ့တွင် နေ့လွှတ်အရုပ် (၃၀)နှင့် ညမီးကြီးစိန်နားပန် (၁၀)လုံး ယှဉ်ပြိုင်
နိုဝင်ဘာ 5, 2019
By Tachileik News Agency
တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ စတင်ဖွင့်လှစ်သည့်နေ့တွင် 
နေ့လွှတ်အရုပ် (၃၀)နှင့် ညမီးကြီးစိန်နားပန် (၁၀)လုံး ယှဉ်ပြိုင်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့ ညနေပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့က စတင်ဖွင့်လှစ်ပေးလိုက်ပြီး နေ့လွှတ်အရုပ်ပေါင်း (၃၀)နှင့် ညမီးကြီး စိန်နားပန် (၁၀)လုံး ပြိုင်ပွဲဝင်နကြခြေင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ (၄)ရက်နေ့ ညနေပိုင်းက လောကချမ်းသာစူဠာမုနိဘုရားတွင် စိန်နားပန်မီးပုံးပျံလွှတ်တင်ပြီးနောက် အဝေရာမီးပုံးပျံကွင်း အတွင်း တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး (၇)ဦးက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌများ တက်ရောက်ဖွင့်လှစ်ပေးကြပြီး တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အဆိုပြိုင်ပွဲတွင် ဆုရသီချင်းနှင့်အတူ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များက ကပြဖျော်ဖြကြေသည်။

ယင်းနောက် တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးကော်မတီနာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က စက်ခလုပ်နှိပ်၍ ပွဲတော်အား ဖွင့်လှစ်ပေးလိုက်ပြီး မီးရှုးမီးပန်းဖောက်ခြင်း၊ စိန်နားပန် မီးပုံးပျံ (၂)လုံးနှင့် မီးပုံးပျံငယ်များ လွှတ်တင်ခြင်းဖြင့် အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားဖွင့်ပွဲစတင်ချိန်တွင် မိုးအနည်းငယ်ရွာသွန်းနေ၍ မူလလျာထားချိန်ထက် အနည်းငယ်နောက်ကျ၍ အခမ်းအနား ဖွင့်လှစ်ခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

ဆက်စပ်သတင်းများ
တောင်ကြီး တန်ဆောင်တိုင်မီးပုံပျံပွဲတော်တွင် ဆုကြေးငွေများ တိုးမြှင့်ပေးထား




 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net