တာချီလိတ်မြို့၏ ပထမဆုံး တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပမည့် (၃)ရက်တာ ကာလအတွင်း နေ့လွှတ်နှင့် ညလွှတ် မီးပုံးပျံ (၃၀)ကျော် လွှတ်တင်မည်

တာချီလိတ်မြို့၏ ပထမဆုံး တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပမည့် (၃)ရက်တာ ကာလအတွင်း နေ့လွှတ်နှင့် ညလွှတ် မီးပုံးပျံ (၃၀)ကျော် လွှတ်တင်မည်
နိုဝင်ဘာ 5, 2019
By Tachileik News Agency
တာချီလိတ်မြို့၏ ပထမဆုံး တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပမည့် (၃)ရက်တာ ကာလအတွင်း 
နေ့လွှတ်နှင့် ညလွှတ် မီးပုံးပျံ (၃၀)ကျော် လွှတ်တင်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဒေသခံပြည်သူများနှင့် အသင်းအဖွဲ့များ စုပေါင်းပါဝင်ကာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် တာချီလိတ်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ တာချီလိတ်မြို့ လေယာဉ်ကွင်းအနီးရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကွင်းတွင် ကျင်းပမည်ဖြစ်သည်။

တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ်ကျင်းပမည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် နိုဝင်ဘာလ (၄)ရက် နံနက်ပိုင်းက ခရိုင်/မြို့နယ် စုပေါင်းရုံးရှိအစည်းအဝေးခန်းမတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တန်ဆောင်တိုင်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီတို့တွေ့ဆုံပြီး ဆွေးနွေးပြီးနောက် ပွဲကျင်းပမည့်နေရာကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

" မီးပုံပျံလွှတ်တင်ဖို့အတွက် နေရာရွေးတဲ့အခါမှာ အားလုံးအတွက် အန္တရာယ်လည်း ကင်းရမယ်။ ပျော်ပျော်ရွှင်ရွှင်လည်း လာကြည့်လို့ရနိုင်မယ့် နေရာမျိုးဖြစ်ရမယ်ဆိုတော့ ဟောင်လိတ်က ရှမ်းရိုးရာယဉ်ကျေးမှုကွင်းကိုပဲ ရွေးချယ်ထားပါတယ်။ ဒီနေရာမှာ ကျင်းပတဲ့အတွက် နေ့လယ်ခင်းမှာ မီးပုံပျံလွှတ်မယ်ဆိုရင်လည်း လေယာဉ်အတက် အဆင်းကို မထိခိုက်နိုင်ဘူး။ ညဘက်မီးပုံးပျံကြီးတွေ လွှတ်မယ်ဆိုရင်လည်း မီးရှူးမီးပန်းတွေနဲ့ ဆိုပေမဲ့ မြို့အစွန်နားဖြစ်သလို စက်သုံးဆီဆိုင်တွေနဲ့လည်း နည်းနည်းဝေးတဲ့အတွက် အဲဒီနေရာကိုဘဲ ရွေးချယ်ထားပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တန်ဆောင်တိုင် မီးပုံးပျံပွဲတွင် လက်ရှိအချိန်ထိ နေ့လွှတ်အရုပ်(၂၈)ရုပ်၊ ညမီကျည် (၄)လုံး လွှတ်တင်ရန် စာရင်းရရှိထားပြီး တောင်ကြီးမှ မီးပုံးပျံအဖွဲ့များမှလည်း လာရောက်ပူးပေါင်းရန်လည်း အစီအစဉ်ရှိသလို ဒေသခံ ခြင်းလုံးဝါသနာရှင်များကလည်း ပွဲကာလအတွင်း ခြင်းလုံးအလှခတ်ပြသသွားမည် ဖြစ်ကြောင်းသိရသည်။

"အစည်းအဝေးမှာ မီးပုံးပျံလွှတ်ဖို့ နေရာအတည်ပြုပြီးပြီဆိုတော့ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်အရုပ်တွေလွှတ်မယ် ညမီးကြီးထဲက ဘယ်အလုံးတွေလွှတ်မယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ မကြာခင် ထပ်ပြီးထုတ်ပြန်သွားပါမယ်" ဟု မီးပုံးပျံဖြစ်မြောက်ရေးအဖွဲ့မှ ကိုကျော်ဇော်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ် တန်ဆောင်တိုင်ပွဲတော်ကျင်းပခြင်းဖြင့် တက်ဖက်နိုင်ငံမှ ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်ရေး ဆွဲဆောင်နိုင်ရန်ရည်ရွယ်ချက်အပြင် မီးပုံးလွှတ်တင်ပူဇော်သည့်ရိုးရာအစဉ်အလာအား ထိန်းသိမ်းစောင့်ရှောက်သည့်အနဖြေင့် နှစ်စဉ်ကျင်းပနိုင်ရေးကိုလည်း ကြိုးပမ်းသွားမည် ဖြစ်ကြောင်းသိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ ဇွဲမြတ်

ဆက်စပ်သတင်းနယ်စပ်ဒေသ တာချီလိတ်တွင် ခရီးသွားလာမှုဖွံ့ဖြိုးရေးနှင့် ရိုးရာထိန်းသိမ်းခြင်းအနဖြေင့် ၂၀၁၉က စတင်ကာ တန်ဆောင်တိုင်ပွဲတော်အား နှစ်စဉ် ကျင်းပပြုလုပ်သွားနိုင်ရန် ဆွေးနွေး



⊰❂ #TachileikNewsAgency #TNA #TachileikOnlineNews #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net ❂⊱