တာချီလိတ်ရွှေတိဂုံစေတီတော် ထီးတော်တင်လှူခြင်း (၂၁)နှစ်မြောက်အဖြစ် သံဃာတော်အပါး(၃၅၀)ကျော်ကို နိုဝင်ဘာလ(၁၀)ရက်နေ့ တွင် စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူမည်

တာချီလိတ်ရွှေတိဂုံစေတီတော် ထီးတော်တင်လှူခြင်း (၂၁)နှစ်မြောက်အဖြစ် သံဃာတော်အပါး(၃၅၀)ကျော်ကို နိုဝင်ဘာလ(၁၀)ရက်နေ့ တွင် စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူမည်
နိုဝင်ဘာ 9, 2019
By Tachileik News Agency


တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီတော်အား ထီးတော်တင်လှူခြင်း အထိမ်းအမှတ် (၂၁)နှစ်မြောက်အဖြစ် ပင့်ဖိတ်သံဃာတော် အပါး(၃၅၀)ကျော်အား စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့ နံနက်(၆)နာရီတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

"မနက် (၅) နာရီမှာ ဆွမ်းကပ်မယ်။ တရားနာမယ်။ ရေစက်ချမယ်။ (၆) နာရီလောက်မှာ ဆွမ်းဆန်စိမ်း လောင်းမယ်။ ဌာနဆိုင်ရာတွေနဲ့ အသင်းအဖွဲ့တွေအတွက် ခုံတွေစီစဉ်ပေးထားတယ်။ ပြည်သူတွေအနေနဲ့က ပစ္စည်းတင်ဖို့ ကိုယ့်ခုံကိုယ်ယူလာရမှာပေါ့"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆွမ်းဆန်စိမ်းလောင်းလှူလိုသူများအနဖြေင့် လှူဖွယ်ပစ္စည်းများတင်ရန် ခုံများလိုအပ်ပါက စေတီ ရင်ပြင်တော်တွင် နံနက် (၅)နာရီမှစ၍ ဆွမ်းလောင်းလှူရန် ခုံများလာရောက်ချထားပြင်ဆင်နိုင်ကြောင်း သိရသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်အား ၁၉၉၅ခုနှစ် နိုဝင်ဘာ(၂)ရက်နေ့က စတင် ပန္နက်တင်က တည်ထားခဲ့တာဖြစ်ပြီး ရွှေထီးတော်တင်မင်္ဂလာနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကို ၁၉၉၈ခုနှစ် နိုဝင်ဘာ(၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net