တာချီလိတ်သူ နန်းရင်မွှေး၏ ဒီအတိုင်းလေး တေးစီးရီးမိတ်ဆက်ပွဲနှင့် အဆိုတော် ၆ ဦး၏ ဖျော်ဖြေပွဲ နိုဝင်ဘာ ၁၄ ရက်တွင် တာချီလိတ်၌ ကျင်းပမည်

တာချီလိတ်သူ နန်းရင်မွှေး၏ ဒီအတိုင်းလေး တေးစီးရီးမိတ်ဆက်ပွဲနှင့် အဆိုတော် ၆ ဦး၏ ဖျော်ဖြေပွဲ နိုဝင်ဘာ ၁၄ ရက်တွင် တာချီလိတ်၌ ကျင်းပမည်
နိုဝင်ဘာ 9, 2019
By Tachileik News Agency
တာချီလိတ်သူ နန်းရင်မွှေး၏ ဒီအတိုင်းလေး တေးစီးရီးမိတ်ဆက်ပွဲနှင့် အဆိုတော် ၆ ဦး၏ 
ဖျော်ဖြေပွဲ နိုဝင်ဘာ ၁၄ ရက်တွင် တာချီလိတ်၌ ကျင်းပမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ အဆိုတော် နန်းရင်မွှေး၏ ဒီအတိုင်းလေး တေးစီးရီးသစ် မိတ်ဆက်ပွဲကို အဆိုတော်များ၏ ဖျော်ဖြေပွဲနှင့်အတူ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့၌ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်း အနောက်ဘက်ရှိ Johnny Fitness Center ဝန်းတွင် ကျင်းပသွားမည်ဖြစ်သည်။

"ဒီတိုင်းလေး ဆိုပြီး စီးရီး Title ပေးဖြစ်တာက ထူးထူးခြားခြားပုံစံလေးလည်း ဖြစ်တယ်။ နားစွဲလွယ်တဲ့ ပုံစံလေးလည်း ဖြစ်တယ်။ မှတ်မိလွယ်တယ်။ သူများတွေစီးရီး Title သုံးထားတာလည်း သိပ်မတွေ့ဘူးလေ။ မှတ်မိလွယ်တဲ့ ပုံစံလေးဖြစ်လို့ ပေးဖြစ်သွားတာပါ။ လာရောက်ပြီးတော့ အားပေးကြပါ။ ရင်ထဲမှာရှိတဲ့ ဆန္ဒအတိုင်း ကိုယ်ကြိုက်တာတွေ့လို့ရှိရင် ကြိုက်တဲ့အတိုင်း၊ မကြိုက်တာတွေ့လို့ရှိရင် မကြိုက်တဲ့အတိုင်း ဝေဖန်လို့ရပါတယ်။ အကြံပေးလို့ ရပါတယ်"ဟု အဆိုတော်နန်းရင်မွှေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

“ဒီအတိုင်းလေး” တေးစီးရီးမိတ်ဆက်ပွဲနှင့် အရောင်းမြှင့်တင်ရေးပွဲကို Johnny Fitness Center ဝန်းတွင် ညနေ (၄) နာရီမှ ည (၇) နာရီခွဲအထိ ကျင်းပစဉ်အတွင်း အခွေဝယ်ယူသူများကို နန်းရင်မွှေးက လက်မှတ်ရေးထိုးပေးမည်ဖြစ်ပြီး မြို့ခံ Smile Music Band နှင့်အတူ အာခါတိုင်းရင်းသားအဆိုတော် လီဂါ၊ လှိုင်မင်း၊ သားသား၊ ဇော်ထက်၊ အမျိုးသမီးအဆိုတော် မိုဟွမ်နှင့် နော်ဂျာလေးတို့ကလည်း သီဆိုဖျော်ဖြကြေမည်ဖြစ်သည်။

"ဒီစီးရီးထုတ်ဖို့ အချိန်အားဖြင့်တော့ (၄) နှစ်ပေါ့။ သီချင်းစုတာက ၂၀၁၅ ခုနှစ်ကတည်းက သီချင်း တစ်ပုဒ်ချင်း ဝယ်စုတယ်။ အလုပ်လုပ်ရင်းနဲ့ သီချင်းတွေဝယ်စုတယ်။ သီချင်းလည်းပြည့်သွားတော့ ရန်ကုန်ဆင်းပြီးတော့ အတီးအပ်တယ်။ တာချီလိတ်မှာ ပိုက်ဆံစုတယ်။ ရန်ကုန်မှာသွားပြီးတော့ Music ကို တခါတည်းဇောက်ချပြီး မလုပ်နိုင်တော့ (၂) နှစ်လောက်က တာချီလိတ်ကနေလုပ်တယ်။ နောက် (၂) နှစ်ကျတော့ ရန်ကုန်မှာ သင်တန်းတွေ တက်ရတယ်။ Music ပိုင်းနဲ့ ပတ်သက်တဲ့ ကိုယ့်လိုအပ်ချက်တွဖြေည့်စွက်ရင်းနဲ့ (၄) နှစ်လောက် ကြာသွားတယ်ပေါ့" ဟု အဆိုတော် နန်းရင်မွှေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နန်းရင်မွှေး၏ “ဒီအတိုင်းလေး” တေးစီးရီးတွင် သီးချင်း (၁၃) ပုဒ်ကို တေးရေး ရယ်ဂျီ၊ မိုးမင်းအိမ်၊ ဝကြေီး၊ သော်ဇင်လတ်၊ ဂျေမိုင်းမိုင်နှင့် ခိုင်မိုးတို့မှရေးစပ်ပေးထားပြီး Over Drive နှင့် Session Players တို့မှ တီးခတ်ပေးထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net