မယ်ဆိုင်ချောင်းမှတဆင့် တာချီလိတ်သို့ ဆိုင်ကယ်ခိုးသယ်သူကို ထိုင်းရဲ ပူပေါင်းအဖွဲ့မှ ဖမ်းမိ

မယ်ဆိုင်ချောင်းမှတဆင့် တာချီလိတ်သို့ ဆိုင်ကယ်ခိုးသယ်သူကို ထိုင်းရဲ ပူပေါင်းအဖွဲ့မှ ဖမ်းမိ
နိုဝင်ဘာ 27, 2019
By Tachileik News Agency

မယ်ဆိုင်ချောင်းမှ တဆင့် တာချီလိတ်သို့ ဆိုင်ကယ်ခိုးသယ်သူကို ဆိုင်ကယ် ၄စီးနှင့်အတူ ထိုင်းရဲမှ ဖမ်းမိ

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှနေ၍ နယ်စပ်မယ်ဆိုင်ချောင်းကိုဖြတ်ကာ တာချီလိတ်ဘက်သို့ ဆိုင်ကယ် ခိုးသွင်းရန် ကြိုးစားသည့် ထိုင်းလူငယ်နှစ်ဦးကို  ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့တွင် သက်သေခံဆိုင်ကယ်များနှင့်အတူ ဖမ်းမိပြီးနောက် ပါဝင် ပတ်သက်သူ နောက်ထပ် တစ်ဦးကိုပါ ဖမ်းဆီးရမိကြောင်း သိရသည်။

မယ်ဆိုင်ဘက်မှ  တာချီလိတ်ဘက်သို့ ဆိုင်ကယ်နှင့် မော်တော်ကားများအား ချစ်ကြည်ရေး အမှတ်(၁)တံတား နှင့် နယ်စပ်ချောင်းကို အသုံးပြု၍ မှောင်ခိုတင်ပို့နေသူများရှိနေကြောင်း  သတင်းပေးများအရ ချင်းရိုင်းနှင့် မယ်ဆိုင်ရဲတပ်ဖွဲ့၊ ကော့ချန်းရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စောင့်ကြည့်မှုများ ပြုလုပ်ပြီး ဖမ်းဆီးရာမှ အသက် (၁၅)နှစ်နှင့် (၁၆)နှစ်အရွယ် လူငယ်နှစ်ဦးသည် မယ်ဆိုင်ချောင်းမှ ဆိုင်ကယ်ဖြင့်ဖြတ်ကူးရန် ကြိုးစားနေစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် လူငယ်နှစ်ဦးအား စစ်ဆေးချက်အရ မယ်ဆိုင်ဘက်မှ တာချီလိတ်သို့ ခိုးသွင်းမည့် ဆိုင်ကယ် (၄)စီးနှင့် မော်တော်ကား (၂)စီးကိုပါ ရဲတပ်ဖွဲ့က ဆက်လက်ဖေါ်ထုတ်ထားနိုင်ကြောင်း သိရသည်။

တာချီလိတ်ဘက်သို့ တရားမဝင် တင်သွင်းရန်ကြိုးစားသည့် ဆိုင်ကယ်များမှာ ခိုးယူထားခြင်း ဟုတ်၊ မဟုတ်ကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
Ref; Chiangmainews, ThePoliceMagazineThailand


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~