မိုင်းခုတ်မြို့တွင် ဝါယာရှော့ကြောင့် နေအိမ်တစ်လုံး အပါအဝင် လက်တွန်းထွန်စက်နှင့်ဆိုင်ကယ် မီးလောင်

မိုင်းခုတ်မြို့တွင် ဝါယာရှော့ကြောင့် နေအိမ်တစ်လုံး အပါအဝင် လက်တွန်းထွန်စက်နှင့်ဆိုင်ကယ် မီးလောင်
နိုဝင်ဘာ 9, 2019
By Tachileik News Agency
မိုင်းခုတ်မြို့တွင် ဝါယာရှော့ကြောင့် နေအိမ်တစ်လုံး အပါအဝင် လက်တွန်းထွန်စက်နှင့်ဆိုင်ကယ် မီးလောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ နောင်မွန်ကျေးရွာ၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့ နံနက် (၄)နာရီဝန်းကျင်က မီးလောင်မှုကြောင့် နေအိမ်တစ်လုံး၊ လက်တွန်းထွန်စက်တစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ မီးလောင်ဆုံးရှုံးသွားသည်။

နောင်မွန်ကျေးရွာရှိ ဦးအင်းကျန်၏ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာနေအိမ်တွင် ရေအားလျှပ်စစ်မီး ရယူသုံးစွဲထားရာမှ ဝါယာကြိုးရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားသည်ဟု သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မိုင်းခုတ်မြို့ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် (၅) နာရီခန့်၌ မီးငြိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားသည့် နေအိမ်ပိုင်ရှင် ဦးအင်းကျန်အား မိုင်းခုတ်မြို့နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net