တာချီလိတ်မြို့၏ စုပေါင်းသန့်ရှင်းရေး တတိယသုံးလပတ် နောက်ဆုံးနေ့ဆောင်ရွက်

တာချီလိတ်မြို့၏ စုပေါင်းသန့်ရှင်းရေး တတိယသုံးလပတ် နောက်ဆုံးနေ့ဆောင်ရွက်
နိုဝင်ဘာ 30, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ စုပေါင်းသန့်ရှင်းရေးစီမံချက်၏ တတိယသုံးလပတ်နေ့ နောက်ဆုံးနေ့အဖြစ် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၃၀) ရက်နေ့ နံနက်ပိုင်းက မယ်ခေါင်ရပ်ကွက်အတွင်း စုပေါင်းအမှိုက်ကောက်ကြသည်။

တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်  ရပ်ကွက်နေပြည်သူများပူးပေါင်းပြီး စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။

"စုပေါင်းသန့်ရှင်းရေးက ပြည်သူလူထုပူးပေါင်းပါဝင်လာဖို့ နမူနာအနေနဲ့ လုပ်ခဲ့တာ။ သန့်ရှင်းရေးအပတ်စဉ်လုပ်ရင်းနဲ့ မယ်ဆိုင်ချောင်းတိမ်ကောနေတာတွေ့တော့ ပြန်တူးဖော်မှုတွေရှိတယ်။ ပုန်းထွန်ရပ်ကွက်က အမှိုက်ပုံကိုရှင်းလင်းနိုင်ခဲ့တယ်။ စတုတ္ထ သုံးလပတ်အတွက်ကတော့ အစည်းအဝေးထိုင်ရဦးမယ်။ စည်ပင်သာယာတို့၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ မြို့သန့်ရှင်းရေးအတွက် ဘာတွေဆက်လုပ်မလဲဆိုတာ အစည်းအဝေးလုပ်ရမယ်"ဟု တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို (၁) နှစ်စီမံချက်ဖြင့်ဆောင်ရွက်နေရာ ပထမသုံးလပတ်တွင် အသိပညာပေးခြင်း၊ ဒုတိယသုံးလပတ်နှင့် တတိယသုံးလပတ်များတွင် လူသွားလူလာများသည့်လမ်းမကြီးများဘေးတွင် အမှိုက်ပုံးများချထားခြင်းများဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~