ဒေသလုံခြုံရေးအခြေအနေကြောင့် လားရှိုးတွင် ၂၀၁၉ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် မကျင်းပဖြစ်

ဒေသလုံခြုံရေးအခြေအနေကြောင့် လားရှိုးတွင် ၂၀၁၉ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် မကျင်းပဖြစ်
နိုဝင်ဘာ 7, 2019
By Tachileik News Agency


ဒေသလုံခြုံရေးအခြေအနေကြောင့် လားရှိုးတွင် ၂၀၁၉ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် မကျင်းပဖြစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၁၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့သည့် တန်ဆောင်တိုင် ပွဲတော်နှင့် မီးပုံးပျံပွဲတော်ကို ၂၀၁၉ ခုနှစ်တွင် ဒေသလုံခြုံရေးအခြေအနေကြောင့် ကျင်းပနိုင်မည် မဟုတ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

"ဒီနှစ် တန်ဆောင်တိုင်ပွဲတော် မလုပ်ဖြစ်တော့ဘူးဆိုတာ ခရိုင်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ် ထားပြီးသား ဖြစ်ပါတယ်။ ဒေသလုံခြုံရေးအရ ဒီနှစ်မလုပ်ဖြစ်တော့ဘူးလို့ သိရပါတယ်" ဟု လားရှိုးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ (၆)ရက်နေ့က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့မှစတင်၍ ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အပြင် လက်ရှိအချိန်ထိ မြို့/ရွာများ၌ အမည်မသိသေနတ်သမားများက ဝင်ရောက် ပစ်ခတ်မှုများလည်း ရှိနခြေင်းဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၁၆ ခုနှစ်က ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦး၏ မတည်မှုဖြင့် မြို့မိ မြို့ဖများ ပူးပေါင်းပါဝင်သည့် ပထမဦးဆုံး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၌ နိုဝင်ဘာလ (၄)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပနပြေီး မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင်လည်း နိုဝင်ဘာလအတွင်း ကျင်းပသွားမည်ဖြစ်သည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net