လားရှိုးမြို့တွင် မီးအားမြှင့်စက် အပူလွန်ကဲရာ နေအိမ်တစ်လုံး မီးလောင်

လားရှိုးမြို့တွင် မီးအားမြှင့်စက် အပူလွန်ကဲရာ နေအိမ်တစ်လုံး မီးလောင်
နိုဝင်ဘာ 11, 2019
By Tachileik News Agency
လားရှိုးမြို့တွင် မီးအားမြှင့်စက် အပူလွန်ကဲရာ နေအိမ်တစ်လုံး မီးလောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက် (၁၂)၊ နယ်မြေ (၁၉)၊ အဝေရာလမ်းတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့ နံနက် (၆)နာရီဝန်းကျင်က နေအိမ်တစ်လုံး၌ မီးအားမြှင့်စက်အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားသည်။

မီးလောင်မှုဖြစ်ပွားရာသို့ လားရှိုးမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် (၇) စီး၊ ရေသယ်ယာဉ် (၁) စီး၊ အရံမီးသတ်ယာဉ် (၃) စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ နံနက် (၆)နာရီ (၄၅)မိနစ်တွင် မီးငြိမ်းသွားကြောင်းနှင့် အနီးနားနပြေည်သူများမှလည်း ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့၏ စစ်ဆေးချက်အရ နေအိမ်အတွင်းရှိ မီးအားမြင့်စက်အပူလွန်ကဲရာမှစတင်၍ မီးလောင်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရပြီး နေအိမ်ပိုင်ရှင်ဖြစ်သူ ဦးမျိုးဝင်းကို လားရှိုးမြို့ နယ်မြေရဲစခန်းတွင် ( ပ ) ၁၃၃/ ၂၀၁၉၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net