ထိုင်းနိုင်ငံ လန်းပန်းခရိုင်တွင် မြေသြဇာအိတ်များအောက်ဝှက်၍ သယ်လာသည့် စိတ်ကြွဆေးပြား ၃ သန်းနီးပါး ဖမ်းမိ

ထိုင်းနိုင်ငံ လန်းပန်းခရိုင်တွင် မြေသြဇာအိတ်များအောက်ဝှက်၍ သယ်လာသည့် စိတ်ကြွဆေးပြား ၃ သန်းနီးပါး ဖမ်းမိ
နိုဝင်ဘာ 27, 2019
By Tachileik News Agency
ထိုင်းနိုင်ငံ လန်းပန်းခရိုင်တွင် မြေသြဇာအိတ်များအောက်ဝှက်၍ သယ်လာသည့် 
စိတ်ကြွဆေးပြား  ၃ သန်းနီးပါး  ဖမ်းမိ

ထိုင်းနိုင်ငံ၊ လန်းပန်းခရိုင်တွင် မြေသြဇာအိတ်များအောက် ဝှက်၍သယ်လာသည့် စိတ်ကြွဆေးပြား အရေအတွက် (၃)သန်းနီးပါးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

လန်းပန်းခရိုင်ရဲတပ်ဖွဲ့ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့သည် ချင်းဟုန်ဒေသရှိ စစ်ဆေးဂိတ်တွင် မြေသြဇာတင်လာသည့် မော်တော်ယာဉ်ကို မသင်္ကာသဖြင့် စစ်ဆေးရာ မြေသြဇာအိတ်များအောက်၌ ဝှက်ထားသည့် အိတ်ပေါင်း (၂၂)အိတ်အတွင်းမှ စိတ်ကြွဆေးပြားပေါင်း (၂,၉၄၂,၀၀၀) ပြားကို စစ်ဆေးတွေ့ရှိထားခြင်းဖြစ်သည်ဟု သိရသည်။

ကုန်တင်ယာဉ်ကိုမောင်းနှင်လာသည့် အသက် (၂၅)နှစ်အရွယ် ယာဉ်မောင်းမှာ ကုမ္ပဏီတွင် ယာဉ်မောင်းအဖြစ် လစာဘတ် (၂၅၀၀၀)ဖြင့် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းတစ်ဦးဖြစ်ပြီး နိုဝင်ဘာလ (၂၅)ရက်နေ့ ညနေပိုင်းတွင် မော်တော်ယာဉ်အား ချင်းရိုင်းရှိ ဆီဆိုင်တစ်ခုအနီး၌ ရပ်ပေးထားခဲ့ရပြီးနောက် နိုဝင်ဘာလ (၂၆)ရက်နေ့တွင် မြေသြဇာအိတ်များကို ပထုန်ဌာနီဈေးသို့ ပို့ဆောင်ခိုင်းသဖြင့် မောင်းနှင်လာခြင်းဖြစ်သည်ဟု သိရသည်။

မူးယစ်ဆေးများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ သယ်ဆောင်လာရာ လမ်းကြောင်း နှင့် ဆက်စပ်သူများကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်း ဖေါ်ထုတ်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref; ThairathChiangrai , Thai Police




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~