စစ်ကိုင်းမြို့အနီး ကျောက်တာကျေးရွာတွင် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းသစ် ဖွင့်လှစ်မည်

စစ်ကိုင်းမြို့အနီး ကျောက်တာကျေးရွာတွင် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းသစ် ဖွင့်လှစ်မည်
နိုဝင်ဘာ 11, 2019
By Tachileik News Agency

စစ်ကိုင်းမြို့အနီး ကျောက်တာကျေးရွာတွင် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းသစ် ဖွင့်လှစ်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မြောက်ဘက်ရှိ ကျောက်တာကျေးရွာအနီးတွင် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းကို ထပ်မံဖွင့်လှစ်ရန်အတွက် ပညာရေးဝန်ကြီးဌာနက ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်မှစ၍ ရန်ပုံငွေထည့်သွင်း လျာထားတင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းကို ဖွင့်လှစ်ပေးနိုင်ပါက အနီးဝန်းကျင်ရှိ ဆားတောင်၊ မြင်းမူ၊ မြောင်၊ မြစ်ငယ်၊ တံတားဦးမြို့နယ်များမှ ကျောင်းသားကျောင်းသူများ တက်ရောက်နိုင်ကြမည်ဖြစ်သည်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ လူငယ်၊ လူရွယ်များ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ယူနိုင်ရန် ကျောက်တာကျေးရွာအနီးတွင် အဆင်သင့်ရှိနေသော မြေဧရိယာ (၁၄)ဧကကျော်ခန့်ပေါ်တွင် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း တစ်ကျောင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ စစ်ကိုင်း မဲဆန္ဒနယ်မှ ဦးခင်မောင်သိန်းက မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အစိုးရစက်မှုလက်မှုသိပ္ပံ(စစ်ကိုင်း) ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ၂၀၁၉ ခုနှစ်၊ မေလအတွင်းက မြေနေရာရှာဖွေစိစစ်ပြီး ပြန်လည်တင်ပြခိုင်းထားရာ ကျောက်တာကျေးရွာရှိ မြေဧရိယာ (၁၄) ဧကခန့်ကို အတည်ပြု သတ်မှတ် မြေနေရာရရှိမည်ဆိုပါက စက်မှုလက်မှုသိပ္ပံကို ဖွင့်လှစ်ပေးသွားမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အစိုးရစက်မှုလက်မှုသိပ္ပံများကို ပူတာအို၊ လွိုင်ကော်၊ ဟားခါး၊ မော်လမြိုင်၊ သံတွဲ၊ ကျောက်ဖြူ၊ ရွှပြေည်သာ၊ အင်းစိန်၊ မန္တလေး၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ နပြေည်တော်၊ ပြင်ဦးလွင်၊ ကန့်ဘလူ၊ ခန္တီး၊ ဂန့်ဂေါ၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး၊ လက်ပံတန်း၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်တို့တွင် ဖွင့်လှစ်ထားပြီး အစိုးရနည်းပညာကောလိပ်များကို မိုးညှင်း၊ မြင်းခြံနှင့် ရွှေဘိုတို့တွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net