ကျိုင်းတုံမှ အခြားမြို့များသို့ သွားမည့် ခရီးသည်တင် ယာဉ်လိုင်းများ နှင့် ခရီးသည်များ အန္တရာယ်ကင်းရေး တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်နှုန်းဖြင့် အသိပညာပေးနေ

ကျိုင်းတုံမှ အခြားမြို့များသို့ သွားမည့် ခရီးသည်တင် ယာဉ်လိုင်းများ နှင့် ခရီးသည်များ အန္တရာယ်ကင်းရေး တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်နှုန်းဖြင့် အသိပညာပေးနေ
နိုဝင်ဘာ 23, 2019
By Tachileik News Agency
ကျိုင်းတုံမှ အခြားမြို့များသို့ သွားမည့် ခရီးသည်တင် ယာဉ်လိုင်းများ နှင့် ခရီးသည်များ အန္တရာယ်ကင်းရေး တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်နှုန်းဖြင့် အသိပညာပေးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ အခြားမြို့များသို့ ပြေးဆွဲသည့် ခရီးသည်တင် ယာဉ်များအနေဖြင့် မတော်တဆဖြစ်ပွားမှု လျော့နည်းကျဆင်းရန်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ နှင့် ကညန တို့ ပူးပေါင်းကာ စစ်ဆေးမှုများကို တစ်လလျှင် အနည်းဆုံး နှစ်ကြိမ်လုပ်ဆောင်ကြောင်း သိရသည်။

"ကျွန်တော်တို့ တစ်လကို အနည်းဆုံး နှစ်ကြိမ် ကားကြီးတွေကို လိုက်စစ်ပါတယ်၊ နောက်ပြီး ဟောပြောပွဲကိုလည်း ကားကြီးကွင်းထဲမှာ လုပ်ပါတယ်၊ တော်တော်များများ လိုက်နာလာပါတယ်၊  ကျွန်တော်တို့ စစ်ဆေးတဲ့ အချိန်မှာ ထိုင်ခုံ ခါးပတ်ပတ်တာတွေ အကုန်လုံးရှိပါတယ်၊ ပြီးတော့ အရေးပေါ်ထွက်ပေါက်အတွက် မှန်တွေ ခွဲပြီးထွက်လို့ရအောင်  ပုဆိန်တွေ၊ မီးသတ်ဆေးဘူးတွေ ပါတဲ့အကြောင်းကို ယာဉ်ပေါ်က ခရီးသည်တွေကို အသိပညာပေးပါတယ်"ဟု အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံခရိုင်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပူးပေါင်းစစ်ဆေးပညာပေးမှုကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)မှ စစ်ဆေးရေးမှူး (၂) ဦးအောင်မိုး၊ ကညန(ကလ)မှ တွဲဖက်ပြည်နယ်ဦးစီးမှူး ဒေါ်အေးအေးထွန်း၊ မထသ၊ အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံခရိုင်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင် နှင့် တပ်ဖွဲ့ဝင်များမှ  ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။


ယာဉ်နှင့် ခရီးသည်များအား အသိပညာပေးရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က ကညန နှင့်ပူးပေါင်းကာ ဆောင်ရွက်လေ့ရှိပြီး စာသင်ကျောင်းများတွင်လည်း တစ်ပတ်လျှင် တစ်ကျောင်းနှုန်းဖြင့် သွားရောက်ကာ အသိပညာပေးမှုများ ဆောင်ရွက်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ယာဉ်ထိန်းရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net