မြန်မာနိုင်ငံကိုယ်စား ICJ တွင် တရားရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား ထောက်ခံသည့်အနေဖြင့် လူထုထောက်ခံပွဲ ပြုလုပ်ရန် တာချီလိတ်တွင် ကော်မတီဖွဲ့စည်း

မြန်မာနိုင်ငံကိုယ်စား ICJ တွင် တရားရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား ထောက်ခံသည့်အနေဖြင့် လူထုထောက်ခံပွဲ ပြုလုပ်ရန် တာချီလိတ်တွင် ကော်မတီဖွဲ့စည်း
နိုဝင်ဘာ 30, 2019
By Tachileik News Agency
မြန်မာနိုင်ငံကိုယ်စား ICJ တွင် တရားရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား ထောက်ခံသည့်အနေဖြင့် လူထုထောက်ခံပွဲ ပြုလုပ်ရန် တာချီလိတ်တွင် ကော်မတီဖွဲ့စည်း
နယ်သာလန်နိုင်ငံ၊ ဿဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ကာ တရားရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား ထောက်ခံနိုင်ရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လူထုစုပေါင်းထောက်ခံပွဲဖြစ်မြောက်ရေး ကော်မတီကို အဖွဲ့ဝင် (၂၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည်။
လူထုစုပေါင်းထောက်ခံပွဲကျင်းပနိုင်ရေး ထောက်ခံပွဲဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းနိုင်ရေးအတွက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၃၀) ရက်နေ့ နံနက် (၁၀) နာရီက တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ ဘုရင့်နောင်ဈေးခန်းမတွင် အစည်းအဝေးကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးကြသည်ကို တွေ့ရသည်။
အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထောက်ခံပွဲဖြစ်မြောက်ရေးကော်မတီကို ဥက္ကဌအဖြစ် ASG တည်ထောင်သူနှင့် ဥက္ကဌ ဖြစ်သူ ဒေါက်တာမြင့်အောင် ၊ ဒုတိယဥက္ကဌအဖြစ် အာခါစာပေယဉ်ကျေးမှုအဖွဲ့မှ ဦးအားလယ် အပါအဝင် အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေး၊ ပြန်ကြားရေး၊ စာရင်းစစ်၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာငွေရှာဖွေရေး၊ အဖွဲ့ဝင် စုစုပေါင်း (၂၅) ဦးဖြင့် ဖွဲ့စည်းလိုက်ကြကြောင်း သိရသည်။
 
 အဆိုပါ ကော်မတီက ဦးဆောင်ပြီး လူထုထောက်ခံပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လုပ်ဆောင်ကြမည်ဟု အစည်းအဝေးတွင် ဆုံးဖြတ်ကြသည်။
Tachileik News Agency


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~