မိုင်းတုံတွင် သားအိမ်ခေါင်းကင်ဆာရောဂါအကြိုအဆင့် အခမဲ့စမ်းသပ်ရှာဖွေကုသမှု ဒီဇင်ဘာလ(၅)ရက်နေ့တွင် ဆောင်ရွက်ပေးမည်

မိုင်းတုံတွင် သားအိမ်ခေါင်းကင်ဆာရောဂါအကြိုအဆင့် အခမဲ့စမ်းသပ်ရှာဖွေကုသမှု ဒီဇင်ဘာလ(၅)ရက်နေ့တွင် ဆောင်ရွက်ပေးမည်
နိုဝင်ဘာ 28, 2019
By Tachileik News Agency
မိုင်းတုံတွင် သားအိမ်ခေါင်းကင်ဆာရောဂါအကြိုအဆင့် အခမဲ့စမ်းသပ်ရှာဖွေကုသမှု 
ဒီဇင်ဘာလ(၅)ရက်နေ့တွင် ဆောင်ရွက်ပေးမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့ ပြည်သူ့ဆေးရုံတွင် သားဖွားမီးယပ်အထူးကုဆရာဝန်များဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါအကြိုအဆင့် အခမဲ့စမ်းသပ်ရှာဖွေကုသခြင်းအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့တွင် ဆောင်ရွက်ပေးမည်ဖြစ်၍ အသက်(၅၀)နှစ်အောက် အမျိုးသမီးများ စမ်းသပ်ကုသမှု ခံယူနိုင်မည်ဖြစ်သည်။

အမျိုးသမီးများတွင် အဖြစ်အများဆုံးနှင့် သေပျောက်မှု အများဆုံးကင်ဆာစာရင်းတွင် ပါဝင်သည့် သားအိမ်ခေါင်း ကင်ဆာကို ဆောလျင်စွာ စမ်းသပ်သိရှိပါက အချိန်မီကုသပျောက်ကင်းနိုင်ပြီး ကာကွယ်ဆေးထိုးနှံ၍ ရသဖြင့် ရှမ်းပြည်နယ်အတွင်း သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် အခမဲ့စမ်းသပ်ရှာဖွေကုသခြင်းစီမံချက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ ဇနီး ဒေါ်နန်းရွှေမြင့်ကဦးဆောင် အကောင်အထည်ဖေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

အခမဲ့စမ်းသပ်ကုသမှု စီမံချက်ဆောင်ရွက်ရာတွင် သားအိမ် ကြွက်နို့ပိုးသတ်စက် (၂)လုံးလည်း ပါဝင်မည်ဖြစ်ပြီး သားအိမ်တွင် ကြွက်နို့ပိုးကူးစက်ခံရသည်ကို တွေ့ရှိပါက ကြွက်နို့ပိုးသတ်စက်ဖြင့် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာသည် လိင်မှတဆင့် ကူးဆက်နိုင်သော Human papilloma virus (HPV) ဟုခေါ်သည့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး အသက်ငယ်ငယ်နှင့် အိမ်ထောင်ကျသော အမျိုးသမီးများ၊ အိမ်ထောင်ဖက် များသော အမျိုးသမီးများ၊ အတူနေဖော်များသော အမျိုးသမီးများ၊ ဆေးလိပ်သောက်သော အမျိုးသမီးများ၊ ကာလရှည်ကြာစွာ ကိုယ်ဝန်တားဆေးစွဲသောက်သော အမျိုးသမီးများ၊ ကိုယ်ခံ အားနည်းသောသူများ၊ အိမ်ထောင်ဖက် အမျိုးသားသည် လိင်ဆက်ဆံဖော်များသူဖြစ်ခြင်းတို့ကြောင့် အဖြစ်များကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~