တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ၏ စတုတ္ထနေ့တွင် နေ့လွှတ်အရုပ်ပေါင်း (၃၃)ရုပ် လွှတ်တင်ယှဉ်ပြိုင်

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ၏ စတုတ္ထနေ့တွင် နေ့လွှတ်အရုပ်ပေါင်း (၃၃)ရုပ် လွှတ်တင်ယှဉ်ပြိုင်
နိုဝင်ဘာ 7, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ၏ စတုတ္ထနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့တွင် နေ့လွှတ်အရုပ်ပေါင်း (၃၃)ရုပ်ကို လွှတ်တင်ယှဉ်ပြိုင်ခဲ့ကြပြီး ညပိုင်း၌ ညမီးကြီး စိန်နားပန် (၁၅)ဖွဲ့က ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

စတုတ္ထနေ့ နေ့လွှတ်အရုပ်များတွင် ကြက်ဖ၊ ကြက်တူရွေး၊ အောက်ချင်း၊ အောင်ဘဲ၊ ဒိုဒိုငှက်၊ ကာဒီနာငှက်နီ၊ ငါးမန်းပြာ၊ ဘဲ၊ သိန်းငှက်၊ ခို၊ ပိန်ညင်းငှက်၊ ကြက်သားအုပ်၊ ရွှေငါး၊ နဂါး၊ Cartoon Dragon၊ တောဝက်၊ ကျားသစ်နက်၊ ရှဉ့်ကြွက်၊ နွား၊ ကြံ့၊ ဝက်ဝံဖြူ၊ ခြင်္သေ့၊ ယုန်၊ ဆင်နှင့် ဖားရုပ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး လာရောက်ကြည့်ရှုသူ အရေအတွက် ယခင်နေ့များထက် အနည်းငယ် လျော့နည်းလာသည်ကို တွေ့ရသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပမည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း နေ့လွှတ်အရုပ်ပေါင်း (၂၈၁)ရုပ်နှင့် ညမီးကြီး၊ စိန်နားပန် စုစုပေါင်း (၁၁၅)လုံးတို့ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့မှ နိုဝင်ဘာလ (၁၁)ရက်နေ့အထိ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး နိုဝင်ဘာလ (၁၂)ရက်နေ့တွင် အနိုင်ရအဖွဲ့များအား ဆုများချီးမြှင့်မည်ဖြစ်သည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်မှာ ရှမ်းပြည်နယ်၏ ထင်ရှားလှသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ကာ ရိုးရာမီးပုံးပျံပညာဖြင့် ပြုလုပ်ထားသည့် မီးပုံးအလှမျိုးစုံကို ယှဉ်ပြိုင်လွှတ်တင်လေ့ရှိရာ ပြည်တွင်း၊ ပြည်ပမှ လာရောက်လည်ပတ်သူများပြားလေ့ရှိသည့် ပွဲတော်တစ်ခုဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

ဆက်စပ်သတင်းများ - 

  1. တောင်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် နေ့လွှတ်အရုပ်ပေါင်း (၂၈၁)ရုပ်နှင့် ညမီးကြီး၊ စိန်နားပန် (၁၁၅) လုံး ယှဉ်ပြိုင်လွှတ်တင်မည်
  2. တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း လုံခြုံရေးစိုးရိမ်မှုမရှိစေရေး ပြည်နယ်အစိုးရ စီမံဆောင်ရွက်နေ
  3.  တောင်ကြီး တန်ဆောင်တိုင်မီးပုံပျံပွဲတော်တွင် ဆုကြေးငွေများ တိုးမြှင့်ပေးထား
  4. တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း စစ်ဆေးတွေ့ရှိရသည့် စည်းကမ်းပျက်မော်တော်ယာဉ်များကို ပွဲတော်ပြီးဆုံးသည့် ကာလအထိ ခေတ္တသိမ်းဆည်းမည်  
  5. တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ၏ တတိယနေ့တွင် နေ့လွှတ်အရုပ်ပေါင်း (၃၁)ရုပ်ယှဉ်ပြိုင်

 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net