တာချီလိတ်တွင် အမျိုးသမီးတစ်ဦး ဓားဖြင့် ထိုးသတ်ခံရပြီးနောက် ကျူးလွန်သူမှာ ထွက်ပြေးတိမ်းရှောင်နေ

တာချီလိတ်တွင် အမျိုးသမီးတစ်ဦး ဓားဖြင့် ထိုးသတ်ခံရပြီးနောက် ကျူးလွန်သူမှာ ထွက်ပြေးတိမ်းရှောင်နေ
နိုဝင်ဘာ 9, 2019
By Tachileik News Agency

တာချီလိတ်တွင် အမျိုးသမီးတစ်ဦး ဓားဖြင့် ထိုးသတ်ခံရပြီးနောက် ကျူးလွန်သူမှာ ထွက်ပြေးတိမ်းရှောင်နေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ ကြက်ခြံ၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့ ည (၈)နာရီဝန်းကျင်က အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးသတ်ကာ ထွက်ပြေးနေသည့်အမျိုးသားကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

“အမျိုးသမီးကတော့ ဓားဒဏ်ရာနဲ့ သေသွားပြီ။ ဓားနဲ့ထိုးသွားတဲ့အမျိုးသားက ထွက်ပြေးနေလို့ လိုက်ဖမ်းနေပါတယ်”ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသူအမျိုးသမီး၏ သမီးဖြစ်သူက ရဲတပ်ဖွဲ့ထံ အကြောင်းကြားသဖြင့် အခင်းဖြစ်နေရာသို့ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ရင်ဘတ်တွင် ဓားဒဏ်ရာတစ်ချက်ဖြင့် လဲကျသေဆုံးနေသည့် အသက် (၃၉)နှစ်အရွယ် မအားညွှန့် ဆိုသူအား တွေ့ရပြီး အသက် (၄၅)နှစ်အရွယ် ကိုရှည်ကြီး (ခ) တင်ထွန်းဝင်းက ဓားဖြင့်ထိုးသတ်သွားသည်ကို စစ်ဆေးသိရှိရသည်ဟု သိရသည်။

ရဲတပ်ဖွဲ့မှ စစ်ဆေးပြီးနောက် သေဆုံးသူအမျိုးသမီးကို တာချီလိတ်နာရေး ကူညီမှုအသင်းက ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ လူသတ်မှုအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်နပြေီး ထွက်ပြေးနေသည့် ကိုရှည်ကြီး (ခ) တင်ထွန်းဝင်းအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net