မူးယစ်ဆေးဝါးပြုလုပ်ရာတွင် အဓိက အသုံးပြုသည့် ကဖင်းများကို တာလေတွင် ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိ

မူးယစ်ဆေးဝါးပြုလုပ်ရာတွင် အဓိက အသုံးပြုသည့် ကဖင်းများကို တာလေတွင် ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိ
နိုဝင်ဘာ 10, 2019
By Tachileik News Agency

မူးယစ်ဆေးဝါးပြုလုပ်ရာတွင် အဓိက အသုံးပြုသည့် ကဖင်းများကို တာလေတွင် ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ တာလမြေို့ စည်ပင်ရုံးရှေ့၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့ ညနေပိုင်းက လမ်းဘေးရပ်ထားသည့်ယာဉ်အား နောက်မှဝင်တိုက်မိပြီး ယာဉ်မောင်းထွက်ပြေး သွားသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ ကဖင်း ဆာလာအိတ်ပေါင်း (၂၀) စုစုပေါင်းအလေးချိန် (၅၀၀)ကီလို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိကြောင်း သိရသည်။

တာလမြေို့တွင်း တာချီလိတ် - ကျိုင်းတုံကားလမ်းပေါ် စည်ပင်ရုံးရှေ့တွင် ရပ်တန့်ထားသည့် ကုန်တင်ယာဉ် တစ်စီးကို VIGO အမျိုးအစား မော်တော်ယာဉ်တစ်စီးက နောက်မှ ဝင်တိုက်ကာ ယာဉ်အားထားခဲ့ကာ ယာဉ်မောင်း ထွက်ပြေးသွားခဲ့ကြောင်း ညနေ (၆)နာရီ မိနစ်(၂၀)ဝန်းကျင်တွင် ရဲတပ်ဖွဲ့က သတင်းရသဖြင့် သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်မိပြီး ထားခဲ့သည့် မော်တော်ယာဉ်အတွင်း စစ်ဆေးရာ (၂၅)ကီလိုစီပါသည့် ကဖင်းဆာလာအိတ်ပေါင်း (၂၀) စုစုပေါင်းအလေးချိန် (၅၀၀)ကီလိုကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိသည့် ကဖင်းများအား တာလေနယ်မြေရဲစခန်းတွင် မယ(ပ)၂/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားပြီး ပိုင်ရှင်အား ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေလျက်ရှိကြောင်း သိရသည်။

“မူးစိတ် ၁၆ (ခ)နဲ့ အမှုဖွင့်ထားပါတယ်။ တာလေမှာ ကဖင်း ဖမ်းဆီးရရှိမှုက ဒီနှစ်အတွင်းမှာ ဒါက ပထမဆုံး အကြိမ်ဖြစ်ပါတယ်”ဟု တာလေနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် တင်မောင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စိတ်ကြွဆေးပြားထုတ်လုပ်ရာ၌ အသုံးပြုသည့် ကဖင်း (၂၆၅၀)ကီလိုနှင့် သယ်ဆောင်လာသူ(၃)ဦးအား မြန်မာ - လာအိုနယ်စပ်ဒေသတွင် တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့မှ (၄)ရက်အတွင်း ဖမ်းဆီးရမိ

ကဖင်းကို ကိုကင်း၊ စိတ်ကြွဆေးပြားနှင့် စိတ်ပြောင်းခေါင်းခါဆေးပြား (Ecstasy)ကဲ့သို့ မူးယစ်ဆေးများ ထုတ်လုပ်ရာတွင် အဓိက ကုန်ကြမ်းအဖြစ် အသုံးပြုပြီး တာချီလိတ်ခရိုင်အတွင်း၌ မြန်မာ - လာအို နယ်စပ်ဒေသ ကျိုင်းလပ်မြို့နှင့် တာလမြေို့တွင် ဖမ်းဆီးရမိလေ့ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net