ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်အတွင်းမှ ဘိန်းစိုက်ခင်းများကို ရှာဖွေဖျက်ဆီး

ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်အတွင်းမှ ဘိန်းစိုက်ခင်းများကို ရှာဖွေဖျက်ဆီး
နိုဝင်ဘာ 18, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင်အတွင်း ဘိန်းစိုက်ခင်းများအား ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေရှင်းနေလျက်ရှိရာ ဘိန်းစိုက်ခင်း (၁၂)ဧကဝန်းကျင်ကို နိုဝင်ဘာလ(၁၆)ရက်နေ့က ဖျက်ဆီးရှင်းလင်းခဲ့ကြကြောင်း သိရသည်။

မိုင်းတုံမြို့နယ်၊ လွယ်ချီလိတ်ကျေးရွာ နှင့် (၁)မိုင်ဝန်းကျင်အကွာအဝေးတွင် အမြင့် (၂)ခန့်ရှိပြီး သီးပွင့်ဆဲ ဘိန်းခင်း ဧကပေါင်း (၁၂)ဧက ဝန်းကျင်ကို   ပူးပေါင်းအဖွဲ့မှ ၂၀၁၉ခုနှစ် နံနက်(၉)နာရီမှ ညနေ(၄)နာရီခွဲ အချိန်အထိ ရှာဖွေရှင်းလင်းခဲ့ကြခြင်း ဖြစ်သည်။

ဘိန်းစိုက်ရာသီချိန် နှင့် ဘိန်းစိုက်ခင်း ရှာဖွေဖျက်ဆီးသည့် ကာလဖြစ်သည့် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ နှင့် ဒီဇင်ဘာလအတွင်း၌ နှစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ဘိန်းစိုက်ခင်း များအား ရှာဖွေဖျက်ဆီးလေ့ရှိပြီး ယခုနှစ်တွင် နိုဝင်ဘာလ၏ နောက်ဆုံးပတ်က စတင်ကာ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း မြို့နယ်(၃)မြို့နယ်မှ ဘိန်းစိုက်ခင်း ဧကပေါင်း (၅၉)ဧကကို စတင် ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net