တာချီလိတ်မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်တွင် ပဒေသာပင်ပေါင်း (၉၁)ပင်အနက် အလှဆုံး ပဒေသာပင်ရွေးချယ်ရာ 1G1 Hotel ပဒေသာပင်က ပထမဆုရရှိ တာချီလိတ်မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်တွင် ပဒေသာပင်ပေါင်း (၉၁)ပင်အနက် အလှဆုံး ပဒေသာပင်ရွေးချယ်ရာ 1G1 Hotel ပဒေသာပင်က ပထမဆုရရှိ

တာချီလိတ်မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်တွင် ပဒေသာပင်ပေါင်း (၉၁)ပင်အနက် အလှဆုံး ပဒေသာပင်ရွေးချယ်ရာ 1G1 Hotel ပဒေသာပင်က ပထမဆုရရှိ တာချီလိတ်မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်တွင် ပဒေသာပင်ပေါင်း (၉၁)ပင်အနက် အလှဆုံး ပဒေသာပင်ရွေးချယ်ရာ 1G1 Hotel ပဒေသာပင်က ပထမဆုရရှိ
နိုဝင်ဘာ 10, 2019
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့ ညပိုင်း၌ မြို့နယ်လုံး ကျွတ် စုပေါင်းမဟာဘုံကထိန်အတွက် လှူဒါန်းထားသည့် ပဒေသာပင် (၉၁)မှ အလှဆုံး ပဒေသာပင်များကို ရွေးချယ်ဆုချီးမြှင့်ရာ 1 G 1 Hotel က ဒုတိယမြောက်နှစ်အဖြစ် ပထမဆုကို ထပ်မံရရှိသွားသည်။
၂၀၁၉ ခုနှစ် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်တွင် ကျောင်းတိုက်အသီးသီးအတွက် လှူဒါန်းထားသည့် ပဒေသာပင်ပေါင်း (၉၁) ပင်ကို ရှမ်းရိုးမကွင်းအတွင်း ပြသအလှဆင်ထားပြီး အကဲဖြတ်ဒိုင်အဖွဲ့ဖြင့် အမှတ်ပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ပဒေသာပင်များ အလှဆင်မှုတွင် 1 G 1 Hotel၏ ပဒေသာပင်က ပထမ၊ MRTV ပဒေသာပင်က ဒုတိယနှင့် အလင်းရောင်ပရဟိတအသင်း၏ ပဒေသာပင်က တတိယဆုအသီးသီး ဆုချီးမြှင့်ခံရပြီး ပထမဆုကို ကျပ် (၄)သိန်း၊ ဒုတိယဆုကို ကျပ်(၃)သိန်းနှင့် တတိယဆုကို ကျပ်(၂)သိန်း အသီးသီးဆုချီးမြှင့်ခဲ့သည်။
စုစုပေါင်းတန်ဖိုး ကျပ် (၂၇,၈၂၀,၂၂၁) နှင့် ထိုင်းဘတ် (၇၆၂,၂၇၀)ရှိသည့် ပဒေသာပင် (၉၁)ပင်ထဲမှ အကြောင်းအမျိုးမျိုးကြောင့် ကထိန်မရရှိသေးသည့် ဘုန်းတော်ကြီးကျောင်း (၁၀)ကျောင်းကို တစ်ကျောင်းလျှင် ပဒေသာပင် (၃)ဖြင့် လှူဒါန်းပြီး ကျန်ပဒေသာပင် (၆၁)ပင်ကို ကထိန်ရရှိပြီး ဘုန်းတော်ကြီးကျောင်း (၆၇)ကျောင်းကို မဲနှိုက်လှူဒါန်းသွားမည်ဖြစ်သည်။
ပဒေသာပင်များကို နိုဝင်ဘာလ (၁၀)ရက်နေ့ညပိုင်း၌ ဝန်ထမ်းကုန်းကျောင်းတိုက်တွင် မဲနှိုက်လှူဒါန်းမည်ဖြစ်ပြီး နိုဝင်ဘာလ (၁၁)ရက်နေ့ နံနက် (၆)နာရီ၌ ပဒေသာပင်များကို ရှမ်းရိုးမကွင်းမှ မြို့တွင်း စီတန်းလှည့်လည်ကာ သက်ဆိုင်ရာ ကျောင်းတိုက်များသို့ ပို့ဆောင်ကြမည်ဖြစ်သည်။
တာချီလိတ်မြို့နယ်လုံးကျွတ် စုပေါင်းဘုံမဟာဘုံကထိန်တွင် စုပေါင်းလှူဒါန်းကြသည့် ပဒေသာပင်များအား ရှမ်းရိုးမကွင်းအတွင်း ထားရှိကာ အလှဆုံးပဒေသာပင်များ ရွေးချယ်ဆုချီးမြှင့်လေ့ရှိရာ ၂၀၁၈ ခုနှစ် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်တွင် 1G1 Hotel က ပထမဆု၊ MRTV က ဒုတိယနှင့် ဂေါ်ရခါးလူမှုကူညီရေးအသင်းက ရရှိထားခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပဒေသာပင်အား ဆုချီးမြှင့်သည့် အစီအစဉ်စတင်ခဲ့သည့် ၂၀၁၇ ခုနှစ်က အလင်းရောင်ပရဟိတအသင်းက ပထမ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)က ဒုတိယနှင့် တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနက တတိယအသီးသီး ရရှိခဲ့ခြင်းဖြစ်သည်။
Tachileik News Agency

ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း



 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net