ရှမ်း(အရှေ့) မြို့နယ်(၅)ခုရှိ အခြေခံပညာကျောင်းများတွင် အာခါဘာသာပြဌာန်းစာအုပ်များ လိုအပ်နေ

ရှမ်း(အရှေ့) မြို့နယ်(၅)ခုရှိ အခြေခံပညာကျောင်းများတွင် အာခါဘာသာပြဌာန်းစာအုပ်များ လိုအပ်နေ
နိုဝင်ဘာ 7, 2019
By Tachileik News Agency
ရှမ်း(အရှေ့) မြို့နယ်(၅)ခုရှိ အခြေခံပညာကျောင်းများတွင် အာခါဘာသာပြဌာန်းစာအုပ်များ လိုအပ်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မြို့နယ် (၅) ခုရှိ အခြေခံပညာကျောင်းပေါင်း (၃၂) ကျောင်းတွင် အာခါတိုင်းရင်းသား ဘာသာစာ သင်ကြားနပြေီဖြစ်ရာ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် အာခါစာပုံနှိပ်စာအုပ်များ လိုအပ်နေသည်ဟု သိရသည်။

“ဒီနှစ်မှာ ဖတ်စာအုပ်တွေကို အစိုးရဘက်က မထုတ်လာပေးတော့ အခတ်အခဲဖြစ်နေတယ်။ ပြီးတော့ မနှစ်ကထက် ကျောင်းတွေလည်း အများကြီးတိုးလာတယ်လေ။ ဒါကြောင့် မနှစ်ကထုတ်ပေးထားတဲ့ စာအုပ်တွေထဲက ပိုတာတွေကိုပဲ ဖြန့်ပေးထားရတယ်။ ဒီတော့ ဆရာမတွေအတွက်လည်း ဒုက္ခရောက်နေတယ်။ ကျောင်းသားတွေအတွက်လည်း မလောက်မငဖြစ်နေတယ်။ တစ်ချို့ကျောင်းတွေဆိုရင် ဆရာကိုင်ဖို့လောက်ပဲ ရှိနေတယ် “ဟု အာခါစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ‌ဒေါ်အားစွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အာခါစာပေကို ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်(၃)ခုမှ ကျောင်း (၁၉) ကျောင်းတွင် သင်ကြားပေးခဲ့ရာမှ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် မြို့နယ်(၅)ခုမှ ကျောင်းပေါင်း (၃၂)ကျောင်းအထိ တိုးချဲ့သင်ကြားမည်ဖြစ်၍ ဖတ်စာအုပ်လိုအပ်ချက်များ ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်မတို့ဘက်ကနေတော့ ဆရာမတွေကို ငွေကြေးအရ အထောက်အပံ့မပေးနိုင်ပေမဲ့ သင်တန်းတွေ ပေးတယ်။ ပြီးရင် လက်ရှိမှာ ကလေးတွေ အာခါစာကို ကျွမ်းကျွမ်းကျင်ကျင် ဖတ်နိုင်ဖို့အတွက် က‌‌လေးတွေ ဖတ်ချင်စဖွယ်ဖြစ်အောင် ဖန်တီးထားပြီးတော့ အာခါစာပေနဲ့ ပုံနှိပ်ထုတ်‌ဝေထားတဲ့ ပုံပြင်စာအုပ်တွေ၊ ကျန်းမာရေးဆိုင်ရာ စာအုပ်တွေကို ကျောင်းတိုင်းကို ထောက်ပံ့ပေးနေပါတယ်”ဟု အာခါစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ‌ဒေါ်အားစွန်းက ပြောသည်။

ကျောင်းများတွင် အာခါစာပေသင်ကြားပေးနေသည့် ဆရာမများကို အာခါစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီက မြို့နယ်အလိုက် သင်တန်းများပေးထားပြီး နိုင်ငံတော်က နေ့စားလပေးခန့်ထားပေးသည့် ဆရာမများလည်းရှိကြောင်း သိရသည်။

“ လက်ရှိမှာက ဖတ်စာအုပ်တွေက မလောက်တာမဟုတ်ဘူး။ ကလေးတွေအတွက် တစ်အုပ်မှကို မရှိတာ။ ဖတ်စာအုပ်တွေသာ ရှိမယ်ဆိုရင် စာအုပ်ထဲမှာက ကလေးတွေရေးဖို့နေရာတွေကအစ ပါတဲ့အတွက် အဲ့ဒီစာအုပ်ထဲမှာပဲ ရေးရုံဘဲ။ အခုက ဖတ်စာတွေမရှိတော့ သင်ခန်းစာ တစ်ခုပြီးတစ်ခု သွားဖို့ အချိန်အရမ်းပေးရတယ်။ ဖတ်စာတွေ ကိုယ်စီရှိမယ်ဆိုရင်တော့ ကလေးတွေလည်း ပိုစိတ်ဝင်စားလာပြီးတော့ သင်ရတာလည်း ပိုလွယ်လာနိုင်တယ်”ဟု အာခါစာသင်ကြားပေးနေသည့် ဆရာမ ဒေါ်စိန်မေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၉-၂၀ ပညာသင်နှစ်အတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းခတ်မြို့တွင် (၁) ကျောင်း၊ ကျိုင်းတုံမြို့တွင် (၁၂) ကျောင်း၊ မိုင်းဖြတ်မြို့တွင် (၂) ကျောင်း၊ တာလမြေို့တွင် (၆) ကျောင်းနှင့် တာချီလိတ်မြို့တွင် (၁၁) ကျောင်းတို့မှ KG၊ Grade(1)နှင့် Grade(2)တို့မှ အာခါတိုင်းရင်းသား ကလေးများကို အာခါစာပေ သင်ကြားပေးနခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဇွဲမြတ်

ဆက်စပ်သတင်းများ

အာခါတိုင်းရင်းသား ဘာသာစာပေ သင်ရိုးညွှန်းတမ်းကို တာချီလိတ်မြို့နယ်အတွင်း အခြေခံပညာကျောင်း (၁၁)ကျောင်းတွင် ယခုနှစ်အတွင်း သင်ကြားမည်
ကယားပြည်နယ်ရှိ ဌာနေတိုင်းရင်းသား (၆)မျိုး၏ စာပေများကို အခြေခံပညာကျောင်းများ၌ သင်ကြားနိုင်ပြီ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net