တာချီလိတ်မြို့၏ (၁၆)ညတိုင်တိုင် တရားပွဲ နိုဝင်ဘာလ(၇)ရက်နေ့တွင် စတင်မည်

တာချီလိတ်မြို့၏ (၁၆)ညတိုင်တိုင် တရားပွဲ နိုဝင်ဘာလ(၇)ရက်နေ့တွင် စတင်မည်
နိုဝင်ဘာ 6, 2019
By Tachileik News Agency

တာချီလိတ်မြို့၏ (၁၆)ညတိုင်တိုင် တရားပွဲ နိုဝင်ဘာလ(၇)ရက်နေ့တွင် စတင်မည်
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် အလင်းရောင်ပရဟိတအသင်း နှင့် တာချီလိတ်မြို့သူ မြို့သားများ စုပေါင်းကာ ကျင်းပပြုလုပ်မည့် (၁၆)ညတိုင်တိုင် တရားပွဲအား နိုဝင်ဘာလ(၇)ရက်နေ့တွင် စတင်မည်။
၂၀၁၉ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့မှ နိုဝင်ဘာလ(၂၂)ရက်နေ့အထိ (၁၆)ည တိုင်တိုင် တရားပွဲအား တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ ညစဉ် (၈)နာရီတွင် စတင်မည်ဖြစ်သည်။
တာချီလိတ်မြို့ အလင်းရောင်ပရဟိတအသင်းမှ နှစ်စဉ် နှင့် ပွင့်လင်းကာလများတွင် တရားပွဲများကို မြို့သူမြို့သားများနှင့် စုပေါင်းပြီး ကျင်းပလာသည်မှာ (၁၁)ကြိမ်မြောက်ပြီဖြစ်ပြီး ယခု အကြိမ်တွင် ဓမ္မာစရိယဆရာတော် (၉)ပါးမှ တရားတော်ဟောကြားတော်မူမည်ဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net