တာချီလိတ်ရွှေတိဂုံစေတီတော် ထီးတော်တင်လှူခြင်း (၂၁)နှစ်မြောက်အဖြစ် သံဃာတော် အပါး(၃၅၀)ကျော်အား စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူရန် ပြင်ဆင်ထားရှိ

တာချီလိတ်ရွှေတိဂုံစေတီတော် ထီးတော်တင်လှူခြင်း (၂၁)နှစ်မြောက်အဖြစ် သံဃာတော် အပါး(၃၅၀)ကျော်အား စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူရန် ပြင်ဆင်ထားရှိ
နိုဝင်ဘာ 9, 2019
By Tachileik News Agency

တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီတော်အား ထီးတော်တင်လှူခြင်း အထိမ်းအမှတ် (၂၁)နှစ်မြောက်အဖြစ် ပင့်ဖိတ်သံဃာတော် အပါး(၃၅၀)ကျော်အား စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက်(၆)နာရီတွင် ကျင်းပပြုလုပ်ရန်အတွက် နိုဝင်ဘာလ(၉)ရက်နေ့ ညပိုင်းကတည်းက နေရာများအား ကြိုတင်ပြင်ဆင်ထားရှိသည်ကို တွေ့ရသည်။

လက်ရှိ ခုံများချကာ နေရာသတ်မှတ်ထားရာတွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ နိုင်ငံရေးပါတီများသာ ပါဝင်သည့်အတွက် ယခင်နှစ်များအတိုင်း ပြည်သူများအနဖြေင့် မိမိတို့ အစီအစဉ်ဖြင့် ခုံများ ယူဆောင်လာရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်အား ၁၉၉၅ခုနှစ် နိုဝင်ဘာ(၂)ရက်နေ့က စတင် ပန္နက်တင်က တည်ထားခဲ့တာဖြစ်ပြီး ရွှေထီးတော်တင်မင်္ဂလာနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကို ၁၉၉၈ခုနှစ် နိုဝင်ဘာ(၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း



 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net