တာချီလိတ်ရွှေတိဂုံစေတီတော် ထီးတော်တင်လှူခြင်းအထိမ်းအမှတ် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူ

တာချီလိတ်ရွှေတိဂုံစေတီတော် ထီးတော်တင်လှူခြင်းအထိမ်းအမှတ် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူ
နိုဝင်ဘာ 10, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ တာချီလိတ်ရွှေတိဂုံစေတီတော် ထီးတော်တင်လှူခြင်း အထိမ်းအမှတ် (၂၁)ကြိမ်မြောက်အဖြစ် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များ စုပေါင်းလှူဒါန်းနကြေသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သံဃာတော်နှင့် သီလရှင် စုစုပေါင်း အပါး (၃၅၀) ကျော်တို့ ကြွရောက်အလှူခံကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မစတင်မီ နံနက် (၅)နာရီခွဲဝန်းကျင်၌ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ဆရာတော်ကြီး (၉)ပါးထံမှ တရားနာယူပြီး ရေစက်သွန်းချလှူဒါန်းကြသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်အား ၁၉၉၅ခုနှစ် နိုဝင်ဘာ(၂)ရက်နေ့က စတင် ပန္နက်တင်က တည်ထားခဲ့တာဖြစ်ပြီး ရွှေထီးတော်တင်မင်္ဂလာနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကို ၁၉၉၈ခုနှစ် နိုဝင်ဘာ(၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း၊ ဦးတင့်ဆွေ( Drone )




~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

1အအ 1
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net