အဆင့်မြှင့်တင်ထားသည့် တာချီလိတ်မြို့မစျေးတွင် ယာဉ်ရပ်နားရန်နေရာ စနစ်တကျစီမံခန့်ခွဲရန် အခက်အခဲဖြစ်နေ

အဆင့်မြှင့်တင်ထားသည့် တာချီလိတ်မြို့မစျေးတွင် ယာဉ်ရပ်နားရန်နေရာ စနစ်တကျစီမံခန့်ခွဲရန် အခက်အခဲဖြစ်နေ
အောက်တိုဘာ 4, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် BOT စနစ်ဖြင့် အဆင့်မြှင့်တင်ထားသည့် မြို့မဈေး (ဝမ်ကောင်း)ဈေးကို စနစ်တကျစီမံခန့်ခွဲရန် အခက်အခဲရှိနေသည်ဟု မြို့နယ်စည်ပင်သာယာရေးဌာနက ထုတ်ဖေါ်ပြောကြားလိုက်သည်။

အဆင့်မြင့်ဝမ်ကောင်းဈေးတွင် ဈေးလာသူများ၏ မော်တော်ယာဉ်များ ရပ်နားရန် နေရာအလုံအလောက် မစီစဉ်ပေးနိုင်၍  ဈေးအနီးလမ်းများတွင် မော်တော်ယာဉ်များ ရပ်နားကြသဖြင့် အနီးတဝိုက်လမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။

"ဝမ်ကောင်းဈေးက ထားစရာမြေ မရှိတော့ဘူး။ အခုပိုဆိုးတာက ဘုန်းကြီးပျံလည်းရှိ၊ မဟာမြတ်မုနိရှေ့က ဈေးသည်တွေနဲ့ ဆိုတော့ အဆင်မပြေဘူး။ ဝမ်ကောင်းဈေးနဲ့ပတ်သက်ပြီး စနစ်တကျစီမံခန့်ခွဲနိုင်တဲ့ အနေအထားမရှိဘူး။ ဈေးသဘောတရားအရ ဒီလိုဖြစ်တတ်ပြီးတော့ တို့မြို့အနေအထားနဲ့ ဒီဈေးဧရိယာအကျယ်အဝန်းနဲ့ ဘယ်လို့မှ ရှင်းလို့မရနိုင်ဘူး"ဟု တာချီလိတ်မြို့နယ်စည်ပင်သာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့က ပြောသည်။

တာချီလိတ်မြို့ ဝမ်ကောင်းဈေးဧရိယာတွင် ဆိုင်ကယ်များထားရှိရန် နေရာမရှိသဖြင့် ဈေးလာသူများ၏ ဆိုင်ကယ်များ အပ်နှံရန်နေရာအဖြစ် ဈေးမြောက်ဘက်ရှိ နတ်စင်လမ်းတွင်ထားရှိရာ နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေသည်ဟု သိရသည်။

“ဒီမှာ ဝမ်ကောင်းဈေးမြောက်ဘက် နတ်စင်လမ်းဘက်မှာ ဆိုင်ကယ်အပ်တဲ့နေရာ လုပ်ထားတော့ မနက်တိုင်း လမ်းကပိတ်နေပြီ။ လမ်းက ကားနှစ်စီးလာရင် ရှောင်စရာတောင်မရှိဘူး။ ဆိုင်ကယ်တစ်စီးတောင် ရှောင်စရာမရှိဘူး။ ဒီမှာ ဆိုင်ကယ်အပ်တဲ့နေရာလုပ်ထားတာ နှစ်တွေနဲ့ချီနေပြီ။ အရင်တုန်းက ဘေးနားက တိုက်ကဆောက်နေတုန်းဆိုတော့ ရှောင်လို့ရသေးတယ်။ အခုက တိုက်ကလည်းပြီးသွားပြီး ဆိုင်ခန်းတွေလည်း ဖွင့်လိုက်ရော လမ်းပိတ်တာက မနက်တိုင်းဖြစ်နေတော့တာပဲ” ဟု ဝမ်ကောင်းဈေးအနီးနေထိုင်သူတစ်ဦးက ပြောသည်။

ယင်းအပြင် မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဈေးထိပ်တွင် ဆိုင်ကယ် အငှားယာဉ်ဂိတ်နေရာ သတ်မှတ်ပေးထားသဖြင့် အငှားယာဉ်ဆိုင်ကယ်များလည်း လမ်းပေါ်တွင် ရပ်နားနေရခြင်းဖြစ်သည်။

“ဆိုင်ကယ်ဂိတ်နေရာ သတ်မှတ်ပေးတယ်ဆိုတာက အဲဒီနေရာတွေမှာ နေလို့ရတယ်လို့ သတ်မှတ်ပေးတာ။ ဆိုင်ကယ်တွေ ရပ်တာကတော့ လမ်းပေါ်မှာ အဆင်ပြေသလို ရပ်ရတာပဲ”ဟု ရွှေတာချီ ဆိုင်ကယ်အငှားယာဉ်အသင်းမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

မြို့မဈေး(ဝမ်ကောင်းဈေး)အား ၂၀၁၅ ခုနှစ်အတွင်းက စည်ပင်သာယာရေးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုတို့ BOT စနစ်ဖြင့် အထပ်မြင့်တည်ဆောက်ပြီး သားငါးဆိုင်များအား ဈေးကြီး၏အပေါ်ထပ်တွင် နေရာချထားပေးခဲ့သော်လည်း လေဝင်လေထွက်နှင့် စွန့်ပစ်ရေထုတ်စနစ် မကောင်းသဖြင့် အဆိုပါ သားငါးဆိုင်ခန်းများအား နေရာချထားပေးနိုင်ရန်ဟုဆိုကာ ပျံကျဈေးကို ထပ်မံတိုးချဲ့တည်ဆောက်ထားခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း၊ WL

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
အဆင့္ျမႇင့္တင္ထားသည့္ တာခ်ီလိတ္ၿမိဳ႕မေစ်းတြင္ ယာဥ္ရပ္နားရန္ေနရာ စနစ္တက်စီမံခန္႔ခြဲရန္ အခက္အခဲျဖစ္ေန
************
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ BOT စနစ္ျဖင့္ အဆင့္ျမႇင့္တင္ထားသည့္ ၿမိဳ႕မေဈး (ဝမ္ေကာင္း)ေဈးကို စနစ္တက်စီမံခန႔္ခြဲရန္ အခက္အခဲရွိေနသည္ဟု ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက ထုတ္ေဖၚေျပာၾကားလိုက္သည္။

အဆင့္ျမင့္ဝမ္ေကာင္းေဈးတြင္ ေဈးလာသူမ်ား၏ ေမာ္ေတာ္ယာဥ္မ်ား ရပ္နားရန္ ေနရာအလုံအေလာက္ မစီစဥ္ေပးႏိုင္၍  ေဈးအနီးလမ္းမ်ားတြင္ ေမာ္ေတာ္ယာဥ္မ်ား ရပ္နားၾကသျဖင့္ အနီးတဝိုက္လမ္းမ်ားတြင္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား ႀကဳံေတြ႕ေနရျခင္းျဖစ္သည္။

"ဝမ္ေကာင္းေဈးက ထားစရာေျမ မရွိေတာ့ဘူး။ အခုပိုဆိုးတာက ဘုန္းႀကီးပ်ံလည္းရွိ၊ မဟာျမတ္မုနိေရွ႕က ေဈးသည္ေတြနဲ႔ ဆိုေတာ့ အဆင္မေျပဘူး။ ဝမ္ေကာင္းေဈးနဲ႔ပတ္သက္ၿပီး စနစ္တက်စီမံခန႔္ခြဲႏိုင္တဲ့ အေနအထားမရွိဘူး။ ေဈးသေဘာတရားအရ ဒီလိုျဖစ္တတ္ၿပီးေတာ့ တို႔ၿမိဳ႕အေနအထားနဲ႔ ဒီေဈးဧရိယာအက်ယ္အဝန္းနဲ႔ ဘယ္လို႔မွ ရွင္းလို႔မရႏိုင္ဘူး"ဟု တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာေရးဌာန အမႈေဆာင္အရာရွိ ဦးစိုင္းခြန္ေဇာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၄)ရက္ေန႔က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းေဈးဧရိယာတြင္ ဆိုင္ကယ္မ်ားထားရွိရန္ ေနရာမရွိသျဖင့္ ေဈးလာသူမ်ား၏ ဆိုင္ကယ္မ်ား အပ္ႏွံရန္ေနရာအျဖစ္ ေဈးေျမာက္ဘက္ရွိ နတ္စင္လမ္းတြင္ထားရွိရာ ေန႔စဥ္ ယာဥ္ေၾကာပိတ္ဆို႔မႈျဖစ္ေနသည္ဟု သိရသည္။

“ဒီမွာ ဝမ္ေကာင္းေဈးေျမာက္ဘက္ နတ္စင္လမ္းဘက္မွာ ဆိုင္ကယ္အပ္တဲ့ေနရာ လုပ္ထားေတာ့ မနက္တိုင္း လမ္းကပိတ္ေနၿပီ။ လမ္းက ကားႏွစ္စီးလာရင္ ေရွာင္စရာေတာင္မရွိဘူး။ ဆိုင္ကယ္တစ္စီးေတာင္ ေရွာင္စရာမရွိဘူး။ ဒီမွာ ဆိုင္ကယ္အပ္တဲ့ေနရာလုပ္ထားတာ ႏွစ္ေတြနဲ႔ခ်ီေနၿပီ။ အရင္တုန္းက ေဘးနားက တိုက္ကေဆာက္ေနတုန္းဆိုေတာ့ ေရွာင္လို႔ရေသးတယ္။ အခုက တိုက္ကလည္းၿပီးသြားၿပီး ဆိုင္ခန္းေတြလည္း ဖြင့္လိုက္ေရာ လမ္းပိတ္တာက မနက္တိုင္းျဖစ္ေနေတာ့တာပဲ” ဟု ဝမ္ေကာင္းေဈးအနီးေနထိုင္သူတစ္ဦးက ေျပာသည္။

ယင္းအျပင္ ၿမိဳ႕နယ္ယာဥ္စည္းကမ္းထိန္းသိမ္းေရးေကာ္မတီက ေဈးထိပ္တြင္ ဆိုင္ကယ္ အငွားယာဥ္ဂိတ္ေနရာ သတ္မွတ္ေပးထားသျဖင့္ အငွားယာဥ္ဆိုင္ကယ္မ်ားလည္း လမ္းေပၚတြင္ ရပ္နားေနရျခင္းျဖစ္သည္။
“ဆိုင္ကယ္ဂိတ္ေနရာ သတ္မွတ္ေပးတယ္ဆိုတာက အဲဒီေနရာေတြမွာ ေနလို႔ရတယ္လို႔ သတ္မွတ္ေပးတာ။ ဆိုင္ကယ္ေတြ ရပ္တာကေတာ့ လမ္းေပၚမွာ အဆင္ေျပသလို ရပ္ရတာပဲ”ဟု ေ႐ႊတာခ်ီ ဆိုင္ကယ္အငွားယာဥ္အသင္းမွ ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။

ၿမိဳ႕မေဈး(ဝမ္ေကာင္းေဈး)အား ၂၀၁၅ ခုႏွစ္အတြင္းက စည္ပင္သာယာေရးဌာနႏွင့္ ပုဂၢလိကကုမၸဏီတစ္ခုတို႔ BOT စနစ္ျဖင့္ အထပ္ျမင့္တည္ေဆာက္ၿပီး သားငါးဆိုင္မ်ားအား ေဈးႀကီး၏အေပၚထပ္တြင္ ေနရာခ်ထားေပးခဲ့ေသာ္လည္း ေလဝင္ေလထြက္ႏွင့္ စြန႔္ပစ္ေရထုတ္စနစ္ မေကာင္းသျဖင့္ အဆိုပါ သားငါးဆိုင္ခန္းမ်ားအား ေနရာခ်ထားေပးႏိုင္ရန္ဟုဆိုကာ ပ်ံက်ေဈးကို ထပ္မံတိုးခ်ဲ႕တည္ေဆာက္ထားျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထိုက္
ဓါတ္ပုံ - ေက်ာ္ဇင္ဟိန္း၊ WL

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net